ကံကြမ္မာ သုံးဆယ့်နှစ်မျိုး

Thursday, December 11, 2008


၁. ဆူးရှိသော ကြိမ်ဖြင့်ရိုက်ခြင်း
၂. ဆူးမရှိသော ကြိမ်ဖြင့်ရိုက်ခြင်း
၃. ဆူးပါသော တင်းပုတ်ဖြင့်ရိုက်ခြင်း
၎. လက်ကိုဖြတ်ခြင်း
၅. ခြေကိုဖြတ်ခြင်း
၆. နားကိုဖြတ်ခြင်း
၇. နှာခေါင်းကိုဖြတ်ခြင်း
၈. နား နှာခေါင်းကိုဖြတ်ခြင်း
၉. ဦးခေါင်းခွံကိုခွာ၍ ပူလွန်းသော သံတွေခဲကို ထည့်ခြင်း
၁၀. နားပန်အပိုင်းအခြားရှိသောအရေနှင့်တကွ ဆံပင်ကိုနုတ်၍ ကြမ်းတမ်းသော ကျောက်ဖြင့်ပွတ်၍ ခရုသင်းသဖွယ်ရှိအောင်ပြုခြင်း
၁၁. သံတကျင်ဖြင့် ခံတွင်းကိုဖွင့်စေ၍ ခံတွင်းထဲ၌ မီးထွန်းခြင်း
၁၂. တစ်ကိုယ်လုံးကို ဆီပုဆိုးဖြင့် ပတ်၍ မီးတုတ်သဖွယ်ထွန်းခြင်း
၁၃. လက်၌ ဆီပုဆိုးဖြင့်ပတ်၍ မီးတုတ်သဖွယ်ထွန်းခြင်း
၁၄. ရေမျိုအောက်မှစ၍ ဖမျက်တိုင်အောင် အရေခွာပြီးမှ ကြိုးဖြင့်ဖွဲ့၍ ခင်းလျက် မိမိအရေကို နင်းစေသဖြင့် ပြိတ်မြက်ရွက်သဖွယ် အရေခွာခြင်း
၁၅. လက်မှစ၍ အရေခွာ၍ ခါး၌ထားခြင်း၊ ခါးမှစ၍ အရေခွာ၍ ဖမျက်၌ထားခြင်း
၁၆. တတောင်နှစ်ဖက်၌ သံခြေကျင်းခတ်၍ သံနှက်ပြီး ထက်ဝန်းကျင် မီးထည့်၍ လေးဘက်တွားစေခြင်း
၁၇. အသွားနှစ်ဘက်ရှိသော ငါးမျှားချိတ်ဖြင့်ခတ်၍ အရေအသား အကြောတို့ကို ကွာကျစေ၍ အရိုးကြဲကြဲသာ တည်စေခြင်း
၁၈. ထက်လှစွာသော ပဲခွပ်ဖြင့်ရွှေလျက် တစ်သပြာမျှလောက်သော သားတစ်ကျစေခြင်း
၁၉. ထိုထိုကိုယ်အစိတ်၌ လှံစသောငါးမျှားချိတ်ဖြင့်ခတ်၍ ဝက်မှင်ဘီး(Painting Brush) ဖြင့် ဆားငန်ရေစသည်တို့ပွတ်၍ အရေအသားအကြောတို့ကို ကွာကျစေလျက် အရိုးသာတည်စေခြင်း
၂၀. နံပါးတစ်ဘက် စောင်းအိပ်စေလျက် နားထင်နှင့် မြေကို သံတံကျင်နှက်ပြီးမှ ခြေကိုကိုင်၍ လှည့်ခြင်း
၂၁. အပေါ်အရေအသားတို့ကို မစုတ်မပဲ့စေပဲ ကျောက်သားဖြင့် အရိုးတို့ကိုထုပြီးသော် ဆံဖြင့်ရစ်၍ ခွေထားခြင်း
၂၂. လောလောပူသော ဆီဖြင့် လောင်းခြင်း
၂၃. အစာငတ်သော ခွေးတို့ကို ခဲစေခြင်း
၂၄. အသက်ရှင်လျက် တံကျင်လျိုခြင်း
၂၅. သံလျက်ဖြင့် ဦးခေါင်းကိုဖြတ်ခြင်း
၂၆. ပူလှစွာသော သံတွေကို လက်ယာလက်၌ စိုက်ခြင်း
၂၇. ပူလှစွာသော သံတွေကို လက်ဝဲလက်၌ စိုက်ခြင်း
၂၈. ပူစွာသော သံတွေကို လက်ယာခြေ၌ စိုက်ခြင်း
၂၉. ပူစွာသော သံတွေကို လက်ဝဲခြေ၌ စိုက်ခြင်း
၃၀. ပူစွာသော သံတွေကို ရင်ဝ၌ စိုက်ခြင်း
၃၁. ဓားမတို့နှင့် ရွေခြင်း
၃၂. ပဲခွပ်တို့နှင့် ရွေခြင်း

သူငယ်ချင်းတစ်ယောက်နဲ့တွေ့တော့ စကားပြောကြရင်းသူကနိုင်ငံခြားလူသတ်ကားတွေထဲက လူသတ်နည်းပေါင်းစုံလာ ပြောနေတယ်ဗျာ..။ အဲဒီအကောင်က အဲလိုသွေးထွက်သံယိုတွေ တော်တော်စိတ်ဝင်စားတာကလား...။ ဘာကောင်မှန်းမသိဘူး အဲဒါနဲ့ ကျွန်တော်လဲ စိတ်ပေါက်ပေါက်နဲ့ မြန်မာ့ရိုးရာ ကံကြမ္မာ သုံးဆယ့်နှစ်မျိုးပြောပြလိုက်တယ်…။ အခုစာဖတ်သူတွေ ဗဟုသုတရအောင် တင်လိုက်တာ… လန့်မသွားကြနဲ့ဦး…။
(မှတ်ချက်။ ဆရာကြီးဦးသုခရဲ့ သုခမှတ်စုကနေ ကိုးကားပါသည်...။)

7 မှတ်ချက်:

ခေါင်ခေါင် said...

အူတွေ အသဲတွေ တုန်တက်သွားတယ်...

NangNyi said...

အီး ယား ယား ယား

Dream said...

အဟင့်.. ဦးဦးအန်တီရဲ့ ၃၂မျိုးကိုဖတ်လိုက်တာ
လူကို အရှင်လတ်လတ် ငရဲ ဘုံရောက်သွားသလို
မြင်သွားတယ်... အဟင့်..ကြောက်စရာ ကြီးနော်...

မှတ်သားသွားပါတယ်..

ဦးဦးအန်တီလည်း မမိုက်တော့နဲ့နော်.. မိုက်ရင် အဲဒီ
လိုမျိုးတွေ .. အဟင့်.. တိဖူးတိဖူး.... တွားပီ..ကြောက်တယ်... :P

Anonymous said...

ကြောက်စရာကြီး
ဘာတွေရေးမှန်းမသိဘူး
ငရဲပြည်ရောက်နေသလိုပဲ
ကြောက်လို့ မနေရဲတော့ ဘူး
လစ်ပီ ... တာ့ တာ

Han Thit Nyeim said...

အခုလို မျှဝေပေးတာ ကျေးဇူးပဲဗျို့။ တန်ဖိုးရှိတယ်ဗျာ...။

Anonymous said...

ကောမန့်အသစ်စမ်းကြည့်မယ်

Andy said...

စမ်းလို့မကောင်း အဟောင်းပြန်တပ်

  © Blogger template Newspaper by Ourblogtemplates.com 2008

Back to TOP