အကြိုက်ဆုံး ကဗျာတစ်ပုဒ်
Wednesday, December 10, 2008
အကြိုက်ဆုံးကဗျာတဲ့… ခရီးရောက်မဆိုက်ဝင်ကြည့်လိုက်တော့ ဆရာဂျဲက တက်ပစ်လိုက်ပြီ…။ အင်း ကျွန်တော့်အကြိုက်ဆုံးကဗျာတွေကလဲ ဟိုးရှေး မူလအစဦးပကတူး ကျွန်တော်ဘလော့ဂ်စရေးကတည်းက တင်လိုက်မိပြီ…။ မကျန်တော့သလောက်ပဲ…။ အဲဒီတော့ တက်ဂ်ကြွေးကျန်နေရင် စိတ်ထဲ ဖိုးသိုးဖတ်သတ်ဖြစ်နေတတ်တာနဲ့ အပြေးအလွှားစဉ်းစားမိတော့… ဟော…တွေ့ပါပြီ… ဟိုတုန်းက အကြောင်းမတိုက်ဆိုင်လို့ မတင်ဖြစ်တဲ့ ကဗျာတစ်ပုဒ်… အခုတော့ တိုက်ဆိုင်လာလို့ တင်ဖြစ်လိုက်ပြီ… ဖတ်ဖူးတဲ့သူတွေ သိကြမှာပါ…။ ဆရာသစ္စာနီရဲ့ မြင်းစိုင်းသူမြား မော်ဒန်ကဗျာ စာအုပ်ထဲက တစ်ပုဒ်…
ပျင်းရိသောကဗျာဆရာ
သစ္စာနီ
ဟဲဟဲ… မောင်အန်ဒီတို့ကတော့ လုပ်ချလိုက်ပြန်ပြီ မတွေးနဲ့ဦး…။ လုပ်ချတာက ကျွန်တော်မဟုတ်ဘူး… လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်တုန်းက ဆရာသစ္စာနီ လုပ်ချခဲ့တာပါ…။ ကျွန်တော်သူ့မူရင်းအတိုင်း ဘာမှ မပြင်မဖြတ်… ကုန်ကုန်ပြောရင် Spacing တောင်သူ့စာအုပ်ထဲက အတိုင်းကူးထားတာ (ကူးတာတော်တယ်နော် ၅တန်းကျောင်းသားဘဝကတည်းက စာမေးပွဲခန်းထဲကူးလာတာ ဟီဟိ) … Post Modern ဝါဒမှာ အကြောင်းအရာ လွတ်ကင်းမှုသဘောဆိုတာရှိတယ်… အဲဒါထက်ပိုပြီး အကြောင်းအရာလွတ်ကင်းမှု သဘောကိုကျော် Medium ကိုပါစွန့်လွှတ်ဖို့ ကြိုးစားတယ်…။ Language ဘာသာစကားကို ကျော်လွန်ဖို့ အားထုတ်ခြင်းမှနေပြီး Content တွေကျော်လွန်ပျောက်ဆုံးရုံမက… ကဗျာရဲ့ အဓိက Medium ကိုပါဖျောက်ဖျက်ဖို့ကြိုးစားတယ်… ကျွန်တော်ကတော့ ဗလာနယ်ထဲမှာ ခပ်ပျင်းပျင်းနစ်မြုပ်နေတဲ့ ကဗျာဆရာတစ်ယောက်ကိုသွားမြင်တယ်…။ ခင်ဗျားတို့ကော ဘယ်လိုထင်ကြသလဲဗျာ… ကဗျာဆရာ တကယ်ပျင်းတာများလား...။
8 မှတ်ချက်:
ကဗျာစာသားမပေါ်လို့ refresh နှိပ်တယ်။
မပေါ်ဘူး.. ထပ်နှိပ်တယ်၊ မပေါ်ပြန်ဘူး....
စာပြန်ဖတ်ပြီး သဘောပေါက်သလိုလိုရှိလာတယ်။
ဆရာသစ္စာနီ က တကယ်လုပ်ချသွားတာပေါ့ :P:P:P
ပျင်းတယ်လို့ မထင်ဘူး ခင်ဗျ ... တီထွင် စမ်းသစ်မှုလို့ပဲ ထင်ပါတယ်... ပျင်းနေရင် အဲဒီ အိုင်ဒီယာ ထွက်မလာနိုင်ဘူးလို့ ထင်ပါတယ်.
ဒီင်္လောက်ထိ လန်ထွက်အောင် လုပ်ထားမှတော့ ဒီကဗျာဆရာ ပျင်းသလား?
မိုက်လှချည်လား
လန်ထွက်နေတယ်နော်
ဟားဟား ပထမ တုန်းက စာတွေမပေါ်လို့ 
ကိုးနတ်ရှင်ကို လွှဲချနေတာ
အောက်ကစာကိုဖတ်မှပဲ ရှင်းသွားတော့ တယ်
အစ်ကိုတော်တို့ လုပ်ချလိုက်ရင်
အဆန်းကြီးပဲ
အာလူးတန်ခိုးတွေများလားမသိဘူး
ဟီဟီ
ဖတ်ရမဲ့သူတော့ ပျင်းတာနဲ့ ဖတ်တော့ဘူး...
ပြန်ပြီ...
အင်း ပျင်းရိသော ကဗျာဆရာနဲ့ ပျင်းရိသော ဘလော့ဂါတို့ တွေ့ပြီပေါ့ဟာ လုပ်ဟ
ကဗျာလေးက ခံစားလို့ကောင်းတယ်ဗျာ
ရင်ထဲကို ဟာလာဟင်းလင်းကိုဖြစ်သွားတာ
တကယ်ကိုကောင်းပါတယ် ညီငယ်အန်ဒီရယ်
Casino games, gambling, casino - Dr.CMD
› games › gambling › casino 천안 출장마사지 천안 출장샵 › games › gambling › casino Join Dr.CMD today to discover everything 제주 출장안마 you need to know 강원도 출장안마 about Casino games and the best casinos to play 대구광역 출장마사지 them. Join today to
Post a Comment