November 11 2008

Monday, November 10, 2008


မနေ့က Red Alert 3 ဂိမ်းကစားပြီး အတွေးတစ်ခုဝင်လာလို့ပါ...။ ဂိမ်းမာတွေတော့သိမှာပေါ့...။ ဂိမ်းက Alternate History အနောက်မဟာမိတ်တွေနဲ့ ဆိုဗီယက်တို့ အသေအကျေတိုက်နေတာနဲ့ ဆင်ထားတယ်...။ မဟာမိတ်တွေရဲ့ ထိုးစစ်တွေကြောင့် ဆိုဗီယက်ယူနီယံကြီး ပြိုကွဲတော့မယ့် အချိန်မှာ ဆိုဗီယက်မျိုးချစ်သုံးယောက်ဟာ Time Machine ကြီးတစ်ခုနဲ့ အချိန်နောက်ပြန်သွားပြီး မဟာမိတ်တွေကို Technology နည်းပညာတွေ အသာရစေတဲ့ ဒေါက်တာအိုင်းစတိုင်းကို သွားလုပ်ကြံတယ်...။ သူတို့လုပ်တာက Space and Time Continuum ကိုနှောင့်ယှက်မိသွားတော့ မဟာမိတ်တွေ ဆုတ်ခွာသွားရတယ်...။ ဒါပေမယ့် အကျိုးဆက်အဖြစ် အရှေ့ဘက်က ဂျပန် (အဲဒီထဲမှာတော့ Empire of the Rising Sun လို့သုံးထားတယ်) အင်အားကြီးပြီး ဆိုဗီယက်တွေကို ဝင်တိုက်ပါလေရော...။ အဲဒါကို နုကလီးယားနဲ့ပြန်ဆော်မယ်လုပ်တော့ အိုင်းစတိုင်းမရှိတဲ့အတွက် နုကလီးယားလက်နက်ဆိုတာ မထွင်နိုင်တော့ ဆိုဗီယက်တွေ ဒုက္ခရောက်ကုန်တာပေါ့...။

မဖြစ်နိုင်သေးပေမယ့် ဆော့ရင်း အတွေးဝင်တာက ကျွန်တော်တို့တွေ အဲဒီလိုအချိန်ကိုနောက်ပြန်သွားပြီး လုပ်လို့ရရင်... ဘာတွေကိုလုပ်ကြမလဲ...။ ဘာတွေကိုပြင်ကြမလဲဆိုတာပါ...။ ကျွန်တော်တို့အတိတ်မှာ မှားခဲ့တာတွေရှိမယ်... မှန်ခဲ့တာတွေရှိမယ်... အမှန်တွေကိုဒီအတိုင်းထားပြီး အမှားတွေကို ပြင်ထုတ်မလား...။ အဲဒီလိုပြင်လိုက်ရင် တစ်ခုနဲ့တစ်ခုက ဆက်စပ်ပြီးဖြစ်နေတာဖြစ်တော့ နောက်ဘာတွေအကျိုးသက်ရောက်လာမလဲ...။

တကယ်တော့ အတိတ်ကမှားခဲ့တာတွေ မှန်ခဲ့တာတွေရဲ့ ကွင်းဆက်သက်ရောက်မှုတွေကြောင့် ခင်ဗျားတို့ကျွန်တော်တို့ရဲ့ အခုလက်ရှိ Present က ရှိနေရတာလို့ထင်တယ်လေ... အဲဒါကို အမှားတွေကိုလိုက်ပြင်လိုက်မယ်ဆိုရင် အခုလက်ရှိ ကျွန်တော်တို့ရဲ့ဖြစ်တည်မှုက ဘာဖြစ်သွားနိုင်မလဲ... Back to the Future ဆိုတဲ့ဇာတ်လမ်းတွေထဲမှာတော့ အတိတ်ကိုမနှောင့်ယှက်ကောင်းဘူးဆိုတဲ့ သီအိုရီတစ်ခုကို ပြထားတယ်... ဒါပေမယ့် အနာဂတ်ကိုကြိုသိနေရင်တော့ ရှောင်လွဲလို့ရတယ် ပြုပြင်နိုင်တယ်လို့လဲပြောထားတယ်...။

စာဖတ်သူတွေကော ဘယ်လိုသဘောရကြပါသလဲ... အတိတ်ကိုပြင်ချင်ကြပါသလား... အနာဂတ်ကိုပြုပြင်ချင်ကြပါသလား...။
နောက်တစ်ခုက အတိတ်ကိုပြင်နိုင်ပြီဆိုပါစို့...။ ဘယ်အပိုင်းကိုပြင်ချင်ပါသလဲ...။ နောက်ပြီး အတိတ်ကိုသွားပြီး ဘယ်သူ့ကိုဖျောက်ဖျက်ချင်ပါလဲ..ဟဲဟဲ....။
*****
ဘာရယ်မဟုတ်ဘူးဗျာ... စိတ်မကောင်းစရာတွေဆက်တိုက်ကြားရပြီး ညကျ စိတ်ပြေလက်ပျောက်ဂိမ်းဆော့ရင်း အတွေးထဲပေါ်လာတာတွေ ရေးလိုက်တာ...။

5 မှတ်ချက်:

Dream said...

အတိတ်ကိုလည်းမလွမ်းနဲ့... အနာဂတ်ကိုလည်း
မမျှော်နှင့်..အရေးကြီးသည်ကား ပစ္စပ္ပုန်သာတည်းတဲ့..
ဟီးဟီး.. အတိတ်ကိုလည်း မပြင်နဲ့ ဒီအတိုင်းလေးပဲ
ထားလိုက်.. အနာဂတ်ကိုလည်း ကြိုမသိတော့ ဘယ်
လိုပြင်မလဲ... အဲတစ်ခုတော့ ရှိတယ်.. ပြင်တာမဟုတ်ဘဲ.. ကောင်းအောင် ဖန်တီးလို့တော့ရ၏။
ဖြစ်နိုင်ရင်တော့ မက်မက်ကတော့ ပစ္စုပန်က အနာဂတ်
အတွက် ပစ္စပ္ပန်ကို အကောင်းဆုံး တည်ဆောက်ချင်တယ်..
ဟီးဟီး... :P :P

tututha said...

အတိတ်ကို ပြန်သွားလို့ရမယ်ဆိုရင် .... ကိုယ့်ကိုယ်ကိုယ်ပဲ ဖျောက်ဖျက်လိုက်ရ ကောင်းမလား ...

Andy said...

ကောင်းတယ် ကောင်းတယ် မတူးတူးသာရေ...။ အဲဒီ အကြံအကြိုက်ဆုံးပဲ...။

ကလူသစ် said...

ကိုယ်တယောက်ထဲအတွက်ဆိုရင်တော့ အတိတ်လဲမပြင်ချင်ဘူး။ အနာဂတ်လဲမပြင်ချင်ဘူး။ အဲ့လိုသာ လိုချင်တိုင်းပြင်လို့ရနေရင် ဘ၀ဆိုတာ ပျင်းစရာကြီး

ဗီလိန် said...

ဒီလိုရှိတယ်ကိုအင်ဒီရဲ့။ ပြင်လို့ရတယ်ဆိုတာက ဘယ်လိုပြင်မှာတုန်း ပြင်လိုက်တဲ့ အမှန်လို့ထင်ရတဲ့အရာကကော မှန်မှာသေချာလား။ မလွယ်ပါဘူးဗျာ။ အဓိကအရာတွေကိုပဲပြင်မယ်။ သော့ချက်ကိုရှာပြီးပြင်မယ် ဆိုရင်တော့မဆိုးဘူးဗျ။ ဒါတွေကို ကျနော်တစ်ခါက ပို့စ်တင်ခဲ့ဖူးတဲ့ Heroes ဇာတ်လမ်းတွဲထဲမှာ တွေ့နိုင်တယ်ဗျ။ ကြည့်ကြည့်ပါလား။ :) ကျနော့လင့်ခ်လေးကို ပေးလိုက်မယ်။ http://www.villain-lay.co.cc/2008/09/heroes_15.html

  © Blogger template Newspaper by Ourblogtemplates.com 2008

Back to TOP