စကားပြောကြသူများ

Saturday, November 8, 2008


အမြဲတမ်း စိတ်ညစ်တယ်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်
ကျွန်တော့်ကို ဟာသပြောပြတယ်...
လောလောလတ်လတ် အသည်းကွဲထားတဲ့ သူငယ်ချင်းတစ်ယောက်
ကျွန်တော့်ကို အချစ်အကြောင်းပြောပြတယ်...
တစ်ချိန်လုံး ဘိုင်ကျနေတဲ့ သူငယ်ချင်းတစ်ယောက်
ကျွန်တော့်ကို ငွေရှာနည်းပြောပြတယ်...
စာမေးပွဲကျတဲ့ သူငယ်ချင်းတစ်ယောက်
ကျွန်တော့်ကို စာကျက်နည်းပြောပြတယ်...
လူတကာနဲ့ မျက်နှာကြောမတည့်တဲ့ သူငယ်ချင်းတစ်ယောက်
ကျွန်တော့်ကို လူပေါ်လူဇော်လုပ်နည်းပြောပြတယ်...
ဘာမှမသိတဲ့ ကျွန်တော်က သူတို့ကို
ဟာသ၊ အချစ်အကြောင်း၊ ငွေရှာနည်း၊ စာကျက်နည်းနဲ့ လူပေါ်လူဇော်လုပ်နည်းပြောပြတယ်...။

4 မှတ်ချက်:

tututha said...

အမြဲတမ်းပေါတောတော နေတဲ့ သူငယ်ချင်းတယောက် ကျုပ်ကို ရုပ်တည်နဲ့နေနည်း ပြောပြတယ် :|

NangNyi said...

ပန်းချီသိပ်မဆွဲတတ်တဲ့ ငါက နင့်ကို ပန်းချီအကြောင်းတွေ ပြောပြပေးမယ်လေ ဘယ်လိုလဲ

မောင်ဖားကြီး said...

ကျွန်တော်လည်း ခင်ဗျားကို ပြောပြမယ်
လာနားထောင်... ကျွန်တော်က ဘာမှမသိဘူးဗျ..
အဲ့ဒီအကြောင်း ပြောပြမယ်... ဘာကြောင့်မသိရတာလဲဆိုတာ..
:)

Dream said...

မသိတဲ့မက်မက်ကမတတ်တဲ့ဦးဦးအန်တီ ကို
မသိတာတွေသင်ပေးမယ်..... ဟဲဟဲ..:P :P

  © Blogger template Newspaper by Ourblogtemplates.com 2008

Back to TOP