သူမ

Friday, November 7, 2008


သူမနဲ့ ဘယ်လိုပတ်သက်လဲ…
ကျွန်တော်မသိပါ… သူမနဲ့စတွေ့တဲ့ နေ့တုန်းကလည်း မိုးမရွာပါ… နေလည်းမပူပါ… သူများတကာပြောတဲ့ ဘာသာယာကြည်နူးဖွယ်ရာသီဥတုမှ မရှိပါ…။ နေ့တိုင်းတွေ့နေကျ အဖြူရောင်နံရံတစ်ခုသာ ကျွန်တော့်ရှေ့မှာရှိနေပါသည်…။ ထိုနံရံ၏ရှေ့ရှိကွန်ပြူတာထဲတွင်တော့ မုန်တိုင်းခက်ထန်နေခဲ့လေသည်…။ ထိုမုန်တိုင်းကြားထဲတွင် သူမကိုတွေ့လိုက်ရသည်…။ သူမကျွန်တော့်ကို သူငယ်ချင်းအဖြစ်လက်ခံရန်ကျွန်တော်ခပ်မြန်မြန်ပဲ လှုပ်ရှားလိုက်သည်…။ ခဏလောက်နေတော့… “အဟမ်း အဟမ်း”…။ ကျွန်တော် အလျင်အမြန် မျက်နှာချိုသွေးလိုက်ပါသည်… “ဟဲဟဲ”…။ ဤသို့ဖြင့်အစပြုခဲ့ပါသည်…။
သူမအပေါ် ထင်မြင်ချက်
သူမကို ကျွန်တော်စတွေ့တွေ့ခြင်း ကဗျာသမားလေးတစ်ယောက်ဟု မှတ်လိုက်ပါသည်…။ အစကတော့ သူမထံမှ ပန်းတွေသွားသွားခိုးခဲ့ပါသည်…။ မျိုးစုံသောင်းကျန်းခဲ့ပါသည်…။ သို့သော်သူမက သည်းခံခွင့်လွတ်စိတ်ရှိသည်…။ ကျွန်တော်သောင်းကျန်းသမျှ ကျွန်တော့်ဆီမှ ပုလင်းလွတ်များကိုသာ ရောင်းစားခဲ့လေသည်…။
အမှတ်တရအဖြစ်ဆုံး သူလုပ်ပေးခဲ့ဖူးတာ နဲ့ပြောခဲ့တဲ့စကား
တခါက သူမ ကျွန်တော်မတတ်သော ကိစ္စတစ်ခုကို ကျွန်တော့်ဆီလာ အကူအညီတောင်းခဲ့ဖူးသည်…။ ထို့ကြောင့်ကျွန်တော် စိတ်ပါလက်ပါကူညီခဲ့သည်…။ သို့ရာတွင်ကျွန်တော်မတတ်သော ကိစ္စဖြစ်နေသဖြင့် ကျွန်တော့လက်ထဲ မျောက်သုံးကောင်သာ အဖတ်တင်ကျန်ရစ်လေသည်…။ ကျွန်တော် စိတ်မကောင်းရုံကလွဲ၍ ဘာမှမတတ်နိုင်ပါ… သူမကတော့ ထုံးစံအတိုင်း ခွင့်လွှတ်ခဲ့ပါသည်…။ တနေ့တော့ ကျွန်တော်သူ့ကိုမေးသည်…။ “ကိုယ့်ကို တစ်ခုခုလောက်ပြောပါလားဟင်” … အဲဒီတော့ သူမက ဇဝေဇဝါမဖြစ်ပါ… “ဘာပြောရမှာလဲ” ဟုပြန်ပြောခဲ့သည်…။ ဟုတ်ပါသည် ကျွန်တော်ဘာမေးမှန်း ကျွန်တော်လဲမသိပါ…
သူသာ ကျွန်တော်ချစ်သူ ဖြစ်လာခဲ့ရင် နဲ့ သူဘာတွေ ပြောင်းလဲရမလဲ
ထို့ကြောင့်ကျွန်တော် သူမကို ကျွန်တော့်ချစ်သူအဖြစ်စိတ်ကူးယဉ်ခဲ့လေသည်…။ ကျွန်တော်ကိုယ်တိုင်တွင် ဖိတ်စာတခြမ်းရည်းစား ငုတ်တုတ်ရှိနေတာကို မေ့သွားသဖြင့် သတိပြန်ရလာသောအခါ ကျွန်တော့်ကို ကျွန်တော်ကန်တော်ကြီးထဲတွင် ဘီယာပုလင်းကိုင်လျက်သားတွေ့ရပါသည်…။ ပြီးပြည့်စုံသော သူမအတွက်ဘာမှ ပြောင်းလဲစရာမလိုသောကြောင့် မသိခြင်းများသာ ဘောင်ခတ်ခဲ့ပါသည်…။
ထို့ကြောင့် ရန်သူအဖြစ်မြန်မြန်ပြန်ခိုင်းလိုက်ပါသည်…။ သူမနှင့်ကျွန်တော် ရန်သူဖြစ်စရာအကြောင်းမရှိပါ…။

သူမအတွက် ဆန္ဒအရှိဆုံး လုပ်ပေးချင်တာလေး
သူမအတွက်ဘာမဆိုလုပ်ပေးချင်သော စေတနာရေစီးကမ်းပြိုများသည်… လူချင်းမမြင်ဖူးသည့် လိုအပ်ချက်တမံကြောင့် ညောင်ဦးကမ်းပါးလောက်မပြိုခဲ့တာသေချာပါသည်…။ အခွင့်ရရင်တော့ မေးကြည့်ပြီး ပြိုဆင်းချင်သေးသည်…။
သူ့အပေါ် ခြုံပြီးသုံးသပ်ကြည့်ရင်
ဘာပဲဖြစ်ဖြစ် ဒီလိုညီမမျိုးကောက်ရသည့်အတွက် ဝမ်းသာပါသည်…။
ကျွန်တော်ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်ကို ဘာမှမပြောပါ… ဘာတွေထင်မြင်ကြလဲဆိုတာလည်း စိတ်မဝင်စားပါ… ကျွန်တော်စိတ်ဝင်စားတာက ဘီယာတစ်ပုလင်း၏ Optimal ညနေခင်းသာဖြစ်ပါသည်…။ ထို ကာရိုက်တာကိုပင် ကိုယ့်ဟာကိုကျေနပ်မိသည်…။ ထို့နောက် ကျွန်တော်မုန်းတီးစွာ ပျင်းရိပါမည်…။ လောလောဆယ် Van Henlen မဖြစ်ခင် မောင်အန်ဒီဖြစ်ရတာကို ကြေနပ်ပါသေးသည်…။ ထို့နောက်ချစ်ခင်ဂရုစိုက်သူအားလုံးကို ကျေးဇူးတင်လက်ပြ၍ ဖုတ်ဖက်ခါကာ ထွက်မသွားနိုင်သေးပါဟု ပြောချင်ပါသည်…။

ကဲ ပန်းခင်းလေးရေ... ပြီးပြီခင်ဗျ... လူကဘိုင်လဲကျ ကော်ကလဲမကောင်းဆိုတော့ ဒီ Tag ပို့စ်လေးရယ် မွေးနေ့လက်ဆောင်ရယ်ရောပြီးပဲ ပေးလိုက်နိုင်တယ်... Happy Birthday ညီမတော်ရေ... တစ်သက်လုံး စိတ်ချမ်းသာကိုယ်ချမ်းသာ ရှိပါစေသတည်း...။

2 မှတ်ချက်:

ပန်းခင်းလေး said...

အစ်ကိုတော်ရေ ဘာပဲပြောပြော
ဒီမွေးနေ့ လက်ဆောင်လေးကို ညီမတော်
ဝမ်းမြောက်ဝမ်းသာလက်ခံသွားပါတယ်
ပုလင်းခွံတွေအတွက်ရော
မျောင်သုံးကောင်အတွက်ပါ
ကျေးဇူးတင်တယ်နော်
အစ်ကိုတော်
ဖြစ်ချင်တဲ့ ဆန္ဒနဲ့ ဘ၀ တစ်ထပ်တည်းကျနိုင်ပါစေ
လို့ ဆုတောင်းလျှက်

ညီမတော်

ပန်းခင်းလေး

Pinkgold said...

အရေးအသား ကောင်းလိုက်တာနော်...

  © Blogger template Newspaper by Ourblogtemplates.com 2008

Back to TOP