သူရဲကောင်း

Tuesday, November 4, 2008


ဝုတ်ကနဲ…
ဆဲသံတစ်ချက်ကြားလို့မော့ကြည့်တော့
ခွေးချီးသုတ် ဖိနပ်တစ်ဖက်…

ဝုန်းကနဲ…
ပြိုလဲသံကြားလို့ ကြည့်မိတော့
တွေ့နေကျ အရာတွေ သင်္ချိုင်းဖြစ်ခဲ့…။

ကဲ မင်းတို့တွေ နေသာသလိုနေကြပေတော့…
မင်းတို့ မသွားမချင်း…
ငါစောင့်မယ်…။

ကံစီမံရာဆိုတဲ့ ခပ်ညံ့ညံ့ဗမာအလွယ်စကားနဲ့
မင်းတို့ကို နွားပိန်မကန်မချင်း…
ငါစောင့်မယ်…။

ခွေးတောင်နှုတ်သီးနဲ့မတို့တဲ့
မင်းတို့ချေးစားနေတဲ့ ကောင်တွေဝေးရာမှာ
ငါစောင့်မယ်…။

မင်းတို့မဖယ်ရင် ငါဖယ်ပေးမယ်…
ကဲ…လက်ခုပ်တီးကြ…
နို့ဆီဗူးတစ်ဘူးလျော့၊ နည်းလား…
ပြီးရင်ပြော ဟိုဘက်မှာ ငါသွားထိုင်စောင့်မယ်…
မင်းတို့သွားရင် ငါ့လာပြောကြ။
ငါပြန်လာပြီး မင်းတို့လှန်စားသွားတဲ့ အမှိုက်ပုံကို
ဝိုင်းရှင်းပေးမယ်…။
အမှိုက်ပုံဝမှာ ခွေးကိုက်တတ်သည် လို့ဘုတ်ထောင်ပေးမယ်…။

2 မှတ်ချက်:

Anonymous said...

ဟားဟား အစ်ကိုတော်
အလုပ်ပြောင်းသွားတာမသိလိုက်ဘူး
ဘယ်တုန်းကပြောင်းသွားတာလည်း
စည်ပင်မှာဝင်လုပ်နေတာလား
အင်း ကောင်းပါတယ်
စိတ်ထားတတ်ရင်ကုသိုလ်တောင်ရသေး
အဟေးအဟေး
စိတ်ဆိုးနဲ့ နော် စတာ
(အမှိုက်ရှင်းမယ်ဆိုလို့ စတာပါ)

Anonymous said...

Good site,dopus,I prefer reading this blog :)

  © Blogger template Newspaper by Ourblogtemplates.com 2008

Back to TOP