ရူးပေါဂိုဏ်းကြီး

Wednesday, October 29, 2008


အစည်းအဝေးအမှတ်စဉ် ၀၀၀၀၀၀၀/၂၀၀၈ အရ ရူးပေါဂိုဏ်းကြီးကို ၂၉ရက် အောက်တိုဘာလ ၂၀၀၈ခုနှစ်တွင် ရန်ဒန် (လန်ဒန်မဟုတ်ပါ) တွင်ဖွဲ့စည်းတည်ထောင်လိုက်၏။

နာရင်က မတူး
ငှက်ကထ အီဖေကိုယ် ဖြစ်တော့သကိုး
သဘာပတိ ကိုဂျဲဂျယ်
ပုလင်းရေးမှူး ကိုဂါဒင်နာ
စည်းရုံးရေးအမှုဆောင် နန်းညီ

အသင်းသားများလိုအပ်နေပါသဖြင့် စာရင်းပေးသွင်းနိုင်ကြပါသည်...။ အောက်ကကွန်မန့်တွင်သော်လည်းကောင်း ရန်ဒန်တွင်သော်လည်းကောင်း ပေါတကာ့အပေါဆုံးစာသားများကို ရေးသား၍ ဝင်နိုင်ပါသည်..။ မည်သည့် သကောင့်သား၏ ထောက်ခံစာမျှမလို...။
အသင်းဝင်ဖြစ်လျှင် ပြီးပြည့်စုံပေါကြောင်း လက်မှတ်ရရှိမည်။
အသင်းဝင်ဖြစ်လိုလျှင် အောက်ပါစည်းကမ်းချက်များကို လိုက်နာပြီးဖြစ်သည်ဟု သဘောတူပြီးကြောင်း တာဝန်ခံလက်မှတ်ထိုးပြီးဖြစ်သည်ဟု မှတ်ယူရမည်...။
စည်းကမ်းချက်များမှာ...
၁.အမှန်တကယ် ပေါသူဖြစ်ရမည်။
၂.ဘလော့ဂါဖြစ်ရမည်။
၃.တလလျှင်အနည်းဆုံး တခါကိုယ့်ဘလော့တွင် ရူးပေါခြင်းအမှူပြုရမည် ရူးပေါသောအမှူကိစ္စများကို ပေါခြင်းဟူသော Label အောက်တွင်ထားရှိရမည်။
၎.သူများဘလော့များတွင် လိုက်လံပေါခြင်းကို အခါအားလျှော်စွာ ပြုလုပ်ရမည်။
၅.အတည်အတန့်ပို့စ်များတွင်လည်း အခါအားလျှော်စွာပေါရမည်။

အထက်ပါစည်းကမ်းချက်များကို
တစ်ချက်ခြင်းသော်လည်းကောင်း၊ အားလုံးသော်လည်းကောင်း၊ အမှတ်စဉ် လိုက်တွဲ၍သော်လည်းကောင်း၊ ကြားဖောက်၍သော်လည်းကောင်း နှစ်ခုတွဲ သုံးခုတွဲ လေးခုတွဲ ငါးခုတွဲ၍ ဖောက်ဖျက်လျှင်သော်လည်းကောင်း... အသင်းမှပေးအပ်သော “ပြီးပြည့်စုံ အပေါလက်မှတ်” ကြီးကိုရုပ်သိမ်း၍ “လူတည်ကြီး” ဟုသတ်မှတ်ခြင်းခံရမည်။

အမိန့်အရ
အန်ဒီ
ရူးပေါကောင်စီ(ဟင်ဟုတ်ပါဘူး)ရူးပေါဂိုဏ်း

10 မှတ်ချက်:

tututha said...

တူညားတွေကို ပေါနိုင်သျှ ပေါအောင် မြှောက်ပေးဖို့ နာယကလုပ်မှာတာကွ။ ကိုယ်တိုင်မပေါ ကိုယ်တိုင်နည်းနည်း ပေါ၍ သူများပေါခြင်းကို များများ အားပေါးသူပေါ့ ဟဲဟဲ

tututha said...

အလွတ်ရိုက်ရတာဆိုတော့ မှားကုန်ပြီ သည်းခံ မောင်အန်ဒီရေ

Anonymous said...

ဟားဟား
အော် ဒီလိုဂိုဏ်းလည်းရှိသေးသကိုးးး
ဂိုဏ်းဝင်ဖို့ဟုတ်ဘူးနော်။ ဒီလောက်တော့ မပေါသေးဘူးလို့ ထင်တာပဲ... ဟက် ဟက်.....
အရည်အချင်းနဲ့မမှီသေးလို့ .....

Anonymous said...

အကျော်ဒေယျ ထိပ်ခေါင်
နဖူးမှာ ပြောင်ပြီး
ရူးတာ ကြောင်တာမှာတော့
တစ်ကမ္ဘာလုံးတွင်မူ သူတစ်မူထူးပါလိမ့်
မြန်မာပြည်ရဲ့ မလာတဲ့မီးရောင်အောက်ဝယ်
ကိုယောင်ထင်ကာ ပြရရင်ဖြင့်
လာလေရော့ ၀ုန်းကနဲ
" ၀ုန်း "
နာသာလျှင် အတွင်းရေးမှူး၊ အပြင်ရေးမှူး ဖြစ်ပေတော့သကိုး ငှဲ ငှဲ ငှဲ

သက်တန့် said...

ပေါစံချိန်မမှီဖြစ်နေတော့ လက်မှတ်ပြန်ရုပ်သိမ်းခံရမှာ သေချာနေလို့ အသင်းမ၀င်တော့ဘူး မောင်လေးဂရားးးအန်ဒီရေ... :)
ဒါနဲ့ အပေါလက်မှတ်က ဘယ်နေရာမှာ အသုံးဝင်လဲ သိချင်ပါတယ်...
အရူးလက်မှတ်ကတော့ အသုံးဝင်တယ်လို့ ကြားဖူးလို့ပါ... :P

ဖိုးဂျယ် said...

မယ်နန်းညီကတော့ ပြောတယ် သဘာပတိက ခေါင်းညိတ်ယုံပဲဆို ဟုတ်လား???။ သူများရေးတာတွေလဲ ဖတ်ရမှာလား။ ဘယ်ကနေဘယ်လို သဘာပတိဖြစ်သွားမှန်းမသိဘူး။

Dream said...

ဟားဟား.. အဲလိုတွေလား.. ဟိဟိ။.
ဒါဆိုလည်း ရူးကြမယ်ဟေ့..ကောင်းကောင်း..
ဟားဟာ.. :P :P

ဗီလိန် said...

အဖွဲ့ဝင်(၃) လက်မှတ်ထိုးပြီးကြောင်းပါဗျိုး

WWKM said...

ချိတ်ညစ်တယ်..ချိတ်ညစ်တယ်..
ချိတ်ညစ်တဲ့ အထဲမှာအဲဒါတွေပါဒယ်။

ကိုရင်နော်ခင်လေးငယ် said...

ဟားး..ဟားးး
ပေါကြပါဗျိုးးးး..... ပျော်စရာကြီးနော်
အားပေးနေတယ် အရမ်း..အရမ်းးး...
ဟီးးးးးး

  © Blogger template Newspaper by Ourblogtemplates.com 2008

Back to TOP