Computerian Days:Chapter 2 Components of Computer

Friday, September 5, 2008

ဟိုတစ်နေ့က ခင်ဗျားကို ကျောင်းထဲမှာ နေရာအနှံ့ လိုက်ပြပြီးပြီထင်တယ်။ ဒါပေမယ့် ခင်ဗျားကို ကျောင်းခန်းတွေထဲ လိုက်မပြရသေးဘူးလေ…။ တကယ်တော့ ကျောင်းခန်းထဲ လိုက်ပြဖို့က ခင်ဗျားတင်မဟုတ်ဘူး…။ ကျုပ်လဲ အန္တရာယ်ကင်းတာ မဟုတ်ဘူး…။ ဆရာမတွေက ပါးတယ်…။ စတိတ်ကျောင်းတွေတုန်းကလို ကျောင်းသားတွေ မျက်နှာအကုန်မှတ်ထားတာ…။ ခင်ဗျားအခန်းထဲရောက်လာရင် “ဟိုကကောင် ဘယ်သူလဲ…။နင်က နင့်အတန်းထဲ မနေပဲနဲ့ ဒီကို ဘာလာလုပ်တာလဲ စည်းမရှိကမ်းမရှိ ဘယ်ကောင်ခေါ်လာတာလဲ ထစမ်း ဘယ်သို့ဘယ်ချမ်းသာ” အစရှိတဲ့ ကျက်သရေမင်္ဂလာ အပေါင်းနဲ့ ပြည့်စုံတဲ့ အသံသာလေးတွေနဲ့ နှုတ်ဆက်လိမ့်မယ်…။ ဒါပေမယ့်ဗျာ ရှိသမျှသွားဖြဲပြီး “ဟဲဟဲ ဟိုလေ ဟိုဥစ္စာ ဒီဟာပေါ့” ဆိုပြီး ရူးသလိုပေါသလို သာလုပ်လိုက်။သူ့ဟာသူ မောရင်တိတ်သွားလိမ့်မယ်…။ ရိုးလို့။ C.Tကျောင်းသားကို ဒီလိုလာလုပ်လို့ ဘာရမလဲ။

ဒီနေရာမှာ C.T ဆိုတာဘာလဲ…။ ဒီလိုပါ…။ ကွန်ပြူတာကျောင်းရောက်ရင် ဒုတိယနှစ်ကစပြီး မေဂျာတွေ ခွဲတယ်လေ…။ မေဂျာတွေလို့သာပြောတာ ပြေးရေကြည့်မှ C.T, C.S ဆိုတဲ့ မေဂျာနှစ်ခုကြီးများတောင်ရှိတာ…။ စီတီ ဆိုတာက ကွန်ပြူတာ တက်ကနိုလိုဂျီ၊ လွယ်လွယ် Hardware လို့ခေါ်တယ်…။ စီအက်စ် ဆိုတာ ကွန်ပြူတာဆိုင်းယင့်စ်၊ လွယ်လွယ်  Software လို့ခေါ်တာပေါ့။ ဒါပေမယ့် ကြိုပြောထားမယ်…။ ဘာကဟာဒ်ဝဲလဲ ဘာကဆော့ပ်ဝဲလဲတော့ သွားမမေးလိုက်နဲ့ဗျို့…။ ခင်ဗျားကို ဘုကြည့်ကြည့်ပြီး Hardware ဆိုတာ တွက်စာ၊ စာသိပ်ကျက်စရာမလိုပဲ တွက်ရတဲ့ မေဂျာ၊ Software ဆိုတာ ကျက်စာ၊ တွက်စရာမလိုပဲ ကျက်ရတဲ့ မေဂျာဆိုပြီး မကျေမနပ်နဲ့ ပြန်ပြောကြလိမ့်မယ်…။ ရိုက်မသွားရင်တောင် ကံကောင်း။ ဒါပေမယ့် ကျွန်တော့်ကို ကျောင်းတက်နေတုန်းကသာ လာမေးရင်တော့ တောဘက်က အဖိုးကြီး၊ အဖွားကြီးတွေပြောသလို “သိနိုင်ပါဘူးကွယ်ရို့” ဆိုပြီး ခုံလေးပေါ် ပြန်မှောက်အိပ်သွားလိမ့်မယ်…။

အဲဒီတော့ စီတီဆိုတာဘာ၊ စီအက်စ်ဆိုတာဘာ၊ သိသွားပြီ…။ စီတီကျောင်းသားဆိုတာဘာလဲ…။ စီအက်စ်ကျောင်းသားဆိုတာဘာလဲ…။ တကယ်တော့ ပထမနှစ် စတက်တော့ C.T, C.Sဘာမှမရှိ၊ ကျောင်းပါးမဝ၊ ဒါပေမယ့် ဝချင်ယောင်ဆောင်ပြီး ကြွစောင်းကြွစောင်းနဲ့ပေါ့…။ စာလေးပေလေးလဲ ကျက်လိုက်သေးတယ်…။ ကျွန်တော်တို့ ပထမနှစ်ဆိုတော့သိပ်မကြာသေးဘူး၊ ၂၀၀၄ ပေါ့…။ အဲဒီတုန်းက ကြွလဲကြွချင်စရာ ကျောင်းကပျော်ဖို့ကောင်းတယ်လို့ ပြောရမယ်…။ ဂျီတီစီတွေက အင်္ကျီဖြူ၊ လုံချည်ပြာတွေနဲ့ ဂါတာတာဖြစ်နေချိန်မှာ ကျွန်တော်တို့က တပတ်နှစ်ရက် ဝတ်ချင်တာဝတ်လို့ရတယ်…။ ကျောင်းဝတ်စုံလျှော်ထားတာမခြောက်သေးလို့ဆိုပြီး ဝတ်စုံရက်မှာ ကိုးယိုးကားယားဝတ်လာမလား၊ ရသေးတယ်။ လတ်လျားလတ်လျားရှောက်သွားနေလို့ရတယ်…။ အံမယ် အဲဒီတုန်းကသားဆို ဂျီတီစီကျောင်းသားတွေတွေ့ရင် မျက်စိလေးမှေးပြီး “တော်တော်သနားဖို့ ကောင်းတဲ့ ငတိတွေ” ဆိုတဲ့အထာနဲ့ကြည့်လိုက်သေးတာ…။ (နောက်မှ ကိုယ့်ဟာကိုယ် ပိုသနားဖို့ကောင်းပါလား သိရတယ်)… နောက်ပြီးအတွေးထဲမှာက “ကွန်ပြူတာဆိုတာကြီးကို တက္ကသိုလ်ကြီးဟီးနေအောင်ဖွင့်သင်မှတော့ အချာပင်တော့ ဟုတ်အံ့မထင်” ဆိုတာကရှိနေသေးတယ်…။

အဲဒီတုန်းကများ တက္ကသိုလ်ကျောင်းဆိုတာ တဲ့အရသာလေးက တော်တော်ကောင်းသေးတာပေါ့…။ ဒါတွေကတော့ထားပါ…။ပြောနေလို့ အခုတက်မယ့် တက်ဆဲ တက်ဦးမလို့ ကျောင်းသားအလောင်း(ဟုတ်ပါဘူး) ကျောင်းသားလောင်း ကျောင်းသားဟောင်းတွေ သွားရည်ကျရုံရှိမှာပေါ့…။ ဗမာဗီဒီယိုကားတွေလို မရှိတော့တဲ့ တက္ကသိုလ်ကြီးထဲ သောင်းကျန်းနေသလို ယုတ္တိမရှိဖြစ်နေဦးမယ်…။ ကဲ အခုစာသင်နေပြီ… လိုက်နားထောင်ချင်ယောင်ဆောင်လိုက်ဦး…။ ရှေ့မှာ ဆရာမပြောနေတာ တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်…။ ဘာတဲ့ 8-bits ကွန်ပြူတာတွေ အကြောင်းပါလား…။ အဲဒီကွန်ပြူတာတွေကို ဘယ်လိုလုပ်ထားတယ်…၊ ဘယ်နားမှာသုံးတယ်ဆိုတဲ့ အကြောင်း…။ စွမ်းဆောင်ရည်ဘယ်လောက်မြင့်တယ်ဆိုတဲ့ အကြောင်း…။ ဟုတ်တာပေါ့…။ ၁၉၉၀ ခုနှစ်တွေလောက်တုန်းက တော်တော်ကောင်းခဲ့တာလေ…။ အဲဒါနဲ့ တစ်ယောက်ကထမေးတယ်…။

“8 bits တောင်ဒီလောက်မြန်နေရင် အခု 64 bits တွေကြ တော်တော်မြန်မှာနော်..”

“64 bits ကွန်ပြူတာ…? မဖြစ်နိုင်တာ 16 bits ကအမြင့်ဆုံးလေ…နင်ဘာတွေလာကြောင်နေတာလဲ…”

ဟုတ်တာပေါ့…။တော်တော်ကြောင်တဲ့ကောင်…။ စာအုပ်ထဲမှာ ဒါပဲရေးထားတာ ဒါပဲမှတ်ထားပေါ့…။ ဒါ ၁၉၉၃ လောက်တုန်းကတည်းက ထုတ်တဲ့ မူလလက်ဟောင်းစာအုပ်…။ ဒိထက်ကောင်းတာ မရှိတော့ဘူး…။ အဲဒီလိုကောင်မျိုး အောင်ပါလိမ့်မယ်… သူ့အမေကြီးဒေါ်ကြီး စာမေးပွဲကြမှ…။

အင်း…တစ်နာရီခွဲပြည့်ပြီ…။ လာလာလစ်စို့။ ဒီနေ့ ကွန်ပြူတာခန်းချိန်ပါတယ်…လာဗျာ…တစ်ပတ်မှ ရှားရှားပါးပါး တစ်နာရီခွဲကြီးများတောင်ရတာ သွားစို့…။ နောက်ပြီး အဲဒီ အထဲမှာအေးတယ်…။

…ဟင်…ဟေး…ဝေးဟေးဟေး …..

 “ဘာဖြစ်တာလဲဟင်” << (ဒါကခင်ဗျားမေးတာ)

မီးပျက်နေပြီလေ…မီးပျက်သွားပြီဗျ…ဟားဟား ရိုးကော အလကားရပြီ… ပုံမှန်အားဖြင့် ကျောင်းသားကတ်ပြ ရိုးကောပေးပြီးထွက်လာလို့ရပေမယ့် တခါတလေ ဂေါ်ရောင်းလ်လှည့်ပြီဆို  အလကားတစ်နာရီခွဲကြီး ထိုင်နေရတာ…။ အခု ဘာမှမလိုတော့ဘူး…။ ဟုတ်သလေ…။ အဲဒီထဲမှာ ထိုင်နေပြီး ဘာမှလုပ်လို့ရတာမှမဟုတ်တာ…။ တိုက်ပင်ကျူတာ ထိုင်ရိုက်နေလို့ပဲရမယ်…။ စက်ခန်းရှေ့မှာရေးထားတာလဲ ဖတ်ကြည့်လိုက်ဦး…။

“သတ်မှတ်ထားသော အချိန်တွင် ယူနီဖောင်း၊ ကျောင်းသားကတ်ပါမှ ဝင်ခွင့်ပြုမည်…။ အချိန်ပိုသုံးပါက စာဖြင့်ရေး၍ တင်ကာခွင့်တောင်းရမည် (ထိုသို့ စာတင်သူဟူ၍ မကြားဖူးချေ…စာရေးသူ) မန်မိုရီစတစ်၊ Disc ၊ Floppy Disk များကို ခွင့်ပြုချက်မရှိပဲ သုံးကသိမ်းဆည်းမည်……..မည်……..မလုပ်ရ……မဖွင့်ရ…..မrunရ…. ရ…ရ” အများကြီးပဲဗျ…စိတ်ထင် လေးခုလောက် ကျန်ဦးမယ်…မမှတ်မိတော့ဘူး…။ ဒါတောင် အထဲကဆရာမတွေ ပြောတဲ့ “ဟို ပရိုဂရမ် မဖွင့်နဲ့…။ CMOSထဲ ဝင်လို့မရဘူး…။ Assembly မ run ပါနဲ့…။လျှောက်မဖျက်ပါနဲ့…။ ဟိုကောင်လေး ဘာတွေrunနေတာလဲ…။ အသစ်အဆန်းတွေ မလုပ်နဲ့လို့ ပြောနေတာမကြားဘူးလား…လား….လား….လား”…တွေမပါသေးဘူး။ အဲဒါတွေလဲ အကုန်မမှတ်မိတော့ဘူး…၊ကျန်သေးတယ်…။ (Assembly ဆိုတာ နောက်ဆုံးနှစ်ကြမှသင်တဲ့ အခုမသုံးကြတော့တဲ့ Machine Level Programming Language တစ်ခု) အခုတော့ ကန်တင်းသွားကြစို့…။

အခုနကပြောတဲ့ စီတီကျောင်းသား စီအက်စ်ကျောင်းသားဆိုတာဘာတွေလဲ။ ပြန်ရှင်းမယ်..။ ဒါကလဲ လက်တွေ့ပြမှရှင်းမယ်…။ စီတီဆောင်ဘက်သွားကြမယ်…။ ကိုယ်ကိုတိုင်က စီတီကျောင်းသားဆိုတော့ အဲဒီဘက်ကတော့အေးဆေး…။

“ဟေ့လူ… ခင်ဗျားတို့ အဆောင်ဘက်မှာ မီးခိုးတွေ အူနေပါလား၊ မ..ီ..မ…မီး..ထ..ထင်တယ်….”<< (ခင်ဗျားရဲ့ ကြောက်လန့်တကြားပြောသံ)

မဟုတ်ပါ….မလန့်ပါနဲ့ အဲဒါ Hardware Department လို့ခေါ်တယ်…စမ်းသပ်ချက်တွေလုပ်နေလို့လား… သွားကြည့်ကြတာပေါ့…

“ဟား… တီချယ်တို့ ဘာတွေချက်…”

“ဟဲ့ကောင် …ဘာရှိလို့ဘာချက်ရမှာလဲဟဲ့ အရင်တုန်းကမှ နည်းနည်းပါးပါး အာလူးလေး အစိမ်းကြော်လေး ကြော်စားလို့ရသေးတယ်…အခု နင့်အမေကြီးဒေါ်ကြီး ရောင်းလ်လှည့်လှည့်နေတတ်လို့ ဒီရေနွေးအိုးလေးတောင် ဖျစ်ဖျစ်မြည်အောင်ကြိုနေရတာဟဲ့ သေနာရဲ့…။သွား…သွား အခန်းထဲဝင်။ တော်နေကြာရောက်လာလို့ အကုန်အမှူပတ်နေမယ်…သွား Electric Circuits စာအုပ်က အခန်း လေး ကို ကျုတိုရီယယ် ကူးထားကြ” (အဲဒီစာအုပ်ကို ဘာကြောင့်သင်မှန်းအခုထိ မသိသေးပါ)

မှားပါတယ်…အဲဒါနဲ့ အခန်းရှေ့မှာ စိတ်ပျက်လက်ပျက်ထိုင်ပြီး ဆေးလိပ်သောက်နေကြတဲ့ ကောင်တွေကို ကျူတိုရီယယ်ဖြေဖို့ပြော…ပြောပြီး…ကျုပ်တို့ စီအက်စ်ဘက်လစ်ကြစို့…။ ဒါကနောက်မှ ဆရာမ ရိုးကောလာခေါ်မှ ဝင်လို့ရတယ်…။ စောပြီးလာခေါ်ရင်လဲ ဆရာမသေးသေးလေးတွေပဲလာမှာ အထဲက တစ်ကောင်ကို ကျုပ်အစား ထောင်လိုက်ဖို့ မှာခဲ့လိုက်မယ်…။ကျူတိုရီယယ်ဆိုတာလဲ ဘာမှမဟုတ်ပါဘူး…။ဆရာမတွေ လုပ်စရာမရှိ စာသင်ရမှာ ပျင်းရင် ကျူတိုရီယယ်ဆိုပြီး ရှောက်ရေးခိုင်းတာ…အဲဒါတွေကလဲတကယ်အမှတ်ခြစ်ဟန်မတူဘူး…။ကျုပ်ဆိုတွေ့ကရာတွေရှောက်ရေး။ ဘေးကကောင်တွေကလည်း ကျုပ်ဆီကကူး…၊ တခါမှ ပြဿနာ မဖြစ်ဖူးဘူး…။

ကဲ စီအက်စ်အေခန်းဘက်ရောက်ပြီ…။ ဟင်ငြိမ်လို့ပါလား…။ ဆရာမလည်းမရောက်သေးပါဘူး…။ 

“မန်းနီးကွန်ပြူတာ ဟတ်စ်စ်စ်သည် ဟတ်သည် ကတ်ချစ် မန်မိုရီ စီအမ်စီအမ်စီအမ် အမ်… ပိုစရှင် ဘီတွင်း ပိုစရှင် ပိုစရှင် ဒေါ့ဂီ ပိုစရှင်” (ဟင် ဟုတ်ပါဘူး)

စာကျက်နေကြတာပဲ…။ ဒါစီအက်စ်အေခန်းလေ…။ အတော်ဆုံး အလိမ္မာဆုံးလို့ ဆရာမတွေက သတ်မှတ်ထားတာ… အကုန်စာကျက်နေကြတာ …။ ဒါနဲ့ နောက်ဆုံးမှာ အိပ်နေတဲ့ အိန္ဒိယနွယ်ဖွားတစ်ကောင်တွေ့လား…။ အဲဒါ ကျုပ်ဘော်ဒါ… ဒီအတန်းက အီးစီ (အတန်းခေါင်းဆောင်)ပေါ့…။

“ဟာ..ဟေ့ကောင် လာကွ…၊ ဒီနေ့ ငါ့ဘေးကကောင်က တနေကုန်ကျူရှင်ရှိလို့ ကျောင်းမလာဘူး…။သူ့အစား ရိုးကောထောင်ပေးစမ်းပါ…အမယ် မင်းဘော်ဒါပါ ပါသေးတာပဲ… အတော်ပဲ…Roll 1 ကလဲ စာကျက်တာ များသွားပြီး အခု Drift သွင်းနေရတယ်…သူ့အစားထောင်လိုက်စမ်းပါ…။ ဒီအချိန်က ရတယ်ကွ”

မှားပါတယ်…ဒီကောင်ကဒီလိုပဲ… အတန်းထဲမှာ စာလဲမလုပ်ဘူး… ကျွန်တော်တို့နဲ့လျှောက်လိမ့်နေတာ ရိုးကော ခေါ်ခါနီးမှ ရောက်ရောက်သွား ဆရာမကမေးရင် “ဟို စာအုပ်တန်းစီနေရလို့ …အစည်းအဝေးရှိလို့ ကျောင်းလခတွေသွားသွင်း ရလို့…ဟိုဟာလုပ်ရလို့...ဒီဟာလုပ်ရလို့…” အစရှိသဖြင့်ရှောက်ပြောနေကျ…။ဒါမှမဟုတ် စာသင်နေတုန်းအိပ်ရင်အိပ်နေ… မအိပ်ရင် ဘေးက ရိုးဝမ်းတို့ ရိုးဖိုက် တို့ကို စာသင်လို့မရအောင်ရှောက်နှောင့်ယှက်နေတာ…။

ရိုးကောတော့ခေါ်ပြီးသွားပြီ…။ ကိုယ့်အတန်းဘက် ပြန်လှည့်…။

“ဟဲ့ ကျက်သရေတုံးအကောင်…” လှည့်ကြည့်…။ အော် စီအက်စ်အေခန်း Roll No အမြင့်စားထဲက အသိကောင်မလေးတစ်ယောက်၊ အရမ်းစာကြိုးစားတာ…။ စာမသိရင် သူ့ဆီသွားမေးရတယ်…။

“ဘာတုန်းဟ..”

“ငါမသိလို့ နင့်ကိုမေးမလို့… ငါ့ ကွန်ပြူတာ…ဟာ …ပျက်သွားတာ…ဘာလုပ်ရမလဲ…။အခုတော့ ငါ့ဦးလေး အသိ တီဗွီပြင်တဲ့ ဆရာဆီပို့ထားတယ်”

“အိ…အဲ…ဟို… ကောင်းပါတယ်ဟာ…ကောင်းပါတယ် ယောရောရှိ ယောရောရှိ”

ပြေးကြစို့…ရှင်းပြနေရင် ကိုယ်လဲ တီဗွီပြင်ဆရာဆီက ကွန်ပြူတာလိုက်ထမ်းနေရဦးမယ် ။နောက်ပြီး ဟာ…ရိုးကော…ရိုးကော…

ပြေးဟ ပြေးဟ…တစ်ချိန်အလကားရမှာ…

အတန်းထဲရောက်တော့ ဆရာမ မရှိဘူး…ဒါပေမယ့်…

“ဟေ့ရောင် မင်းရိုးကောတစ်ချိန်လွတ်သွားပြီ…။ဝတုတ် (ဂေါ်ဇီလာ၏ ညီမ) လာခေါ်သွားတာကွ…။ ငါလဲလုပ်လို့မရဘူး…”

ဖြစ်ရလေ၏….

ယောရောရှိ…ယောရောရှိ…

ဟင်း….ရိုးကောမရလို့ စိတ်ညစ်သွားပြီ…ဘယ်မှမသွားတော့ဘူး…ဒီအထဲမှာပဲ အိပ်နေတော့မယ်… ခင်ဗျားကတော့ ညနေကျောင်းဆင်းမှ ကျောင်းကားနဲ့လိုက်ခဲ့ပြီး အနီးဆုံးနေရာမှာ ဆင်းလိုက်ပေါ့ဗျာ….။

 

 

2 မှတ်ချက်:

Anonymous said...

အင်းးး မှန်ချက်.. ဒါနဲ့ ကိုAndy က CT ကလား .. ဝေလေးလဲ CT ပဲ.. တစ်တန်းတည်းပဲ.... :P
ဝတုတ်လေပန်းတဲ့အကြောင်းလေးများမပါဘူးလား ဟိ..
ထောင်ပေးလိုက်ပြီ..
ကွန်ပျုတာချိန်မှာ ဂိမ်းခိုးဆော့လို့တော့ရပါတယ်
အရင်ကပြောတာပါ.. နောက်ပိုင်းတော့ အဲဒါပါပိတ်လိုက်တယ်...
:P

သက်တန့် said...

ဖတ်လိုက်ပြီနော်...
ဂေါ်ဇီလာတဲ့... အဲ့ဒါ ဒူပါလိမ့်... @_@
ဝတုတ်ဟုတ်လား... တိဘူး... တိဘူး... :P

  © Blogger template Newspaper by Ourblogtemplates.com 2008

Back to TOP