ICT Show
Tuesday, March 25, 2008
ဒီနေ့လည်း အင်တာနက်ဆိုင်ရောက်ဖြစ်ခဲ့တယ်။ ဘာရယ်တော့မဟုတ်ပါဘူး။ Connection လေးရှားရှားပါးပါးကောင်းနေတာ တွေ့လိုက်ရတယ်။ ဒါနဲ့ ပိုစ်လေးတင်ဦးမလားဆိုပြီးတင်ဖြစ်တာပါ။ ဒီနေ့ Army Hall မှာလုပ်တဲ့ ICT ပြပွဲဆိုတာ သွားကြည့်ဖြစ်သေးတာ။ ၁နာရီတောင် မနေနိုင်ပါဘူး။ အိုက်လွန်းလို့။ Army Hall ဆိုလို့အဲယားကွန်းကောင်းကောင်းကန်းကန်းလေးများ တပ်ထားမလားလို့။ ခုတော့...။ အဲဒီက ဆိုင်တွေပဲ သနားမိပါရဲ့။ ထူးထူးဆန်းဆန်းဆိုလို့ MSI ကပြတဲ့ liquid cooling technology ဆိုတာလေးပဲတွေ့ရတယ်။ ကွန်ပြူတာမားသားဘုတ်ကို liquid တွေနဲ့အေးစေတာပေါ့။ ဘာliquid လဲတော့မသိဘူး။ဒါပေမယ့် မားသားဘုတ်ထဲ တခါတည်း built-in မလုပ်နိုင်သေးဘူး။ ဘုတ်ကြီးဖွင့်ပြီး ပိုက်တွေနဲ့ဆက်ထားတာပဲ။ နောက်မှ built-in လုပ်နိုင်မယ်ထင်တာပဲ။ အထဲမှာပူနေတာနဲ့က အတော်ပဲ။ အင်း မတော်လို့အဲဒီပိုက်ကြီးတွေ ပေါက်သွားရင် ဘယ့်နှယ်လုပ်ရပန့်လို့ရှာရှာဖွေဖွေတွေးမိသေးတယ်။ ကျန်တာတွေကတော့ သိပ်မထူးဆန်းလှပါဘူး။ Laptop တွေများပါတယ်။ ပြပွဲလုပ်ပြီး promotion ပေးတဲ့သဘောပါပဲ။ အင်း အဲဒီမှာ နာရီဝက်လောက်ကြည့်ပြီး ပြန်လာတာပဲ။ ပြီးတော့ဒီမှာထိုင်ပြီး ပိုစ့်တင်ဖြစ်တာပါပဲ။ ပိုစ့်ကမတင်တာကြာရင်ပျင်းသွားးလို့။ အင်း ခုထိ simigol.blogspot.com ဖို့ ပိုစ့်မရေးရသေးဘူး။ အဆဲခံရတော့မှာပဲ။ သူ့ ဘလော့ခ် က music ဆိုတော့ကိုယ့်ဟာလို တွေ့ရာရှစ်သောင်းလျှောက်ရေးလို့မရဘူး။
0 မှတ်ချက်:
Post a Comment