မေးခွန်း
Friday, March 28, 2008
ကျွန်တော်ရပ်နေတာ …
မြေပြင်ရဲ့ တစ်နေရာလို့ ပြောနိုင်ပါ့မလား…။
ကျွန်တော်နေနေတာကော…
မြို့တစ်မြို့လို့ဆိုနိုင်သေးရဲ့လား…။
ဒါဆိုကျွန်တော်ဆိုတဲ့ဟာကကော…။
မသိမှုတွေဘောင်ဘင်ခတ်နေတဲ့…ပုံစံခွက်ထဲမှာ
နစ်မြုပ်လို့နေရဲ့…။
မိုလင်းရင် ထမယ်၊ စားမယ်၊ သွားမယ်၊ နောင်တချိန်စားဖို့အတွက် ပညာဆိုတာသင်မယ်…၊
မိုးချုပ်ရင် အိပ်မယ်၊ အိပ်မက် မက်မယ်…။
ကိုယ်ကိုတိုင်ကော သိပါသလား…။
ဒါပေမယ့် ကျွန်တော် ကြားနေ တွေ့နေရတာကတော့ ဆရာကြီးပေါင်းများစွာ…ပွင့်နေကြရဲ့…။
“ကျုပ်ပြောတာကို သဘောတူကြပါ” … အဲဒီလိုမျိုး…။
အင်း…ငါ့အချိန်စေ့ပြီထင်ရဲ့… ကျွန်တော်အတော်များများ ပျောက်ကုန်ကြပြီ…။
“ဘာတွေဖြစ်နေတာလဲ”…
အော်ခွင့်မရှိတာ ဘာကိုအပြစ်ဖို့ရမလဲ…။
ညကြီးသန်းခေါင် တံခါးလာခေါက်တဲ့ ဆွေမျိုးရင်းချာ အရူးတစ်ယောက်ကို တံခါးဖွင့်ပေးသင့်လား…။ ငါကိုယ်တိုင်ကကော…။
စာရေးနေရင်း မီးပျက်သွားတာကို ဘာကိုလှမ်းတိုင်းထွာရမလဲ…။
အိပ်ကပ်ထဲက နိုင်ရာစားသတ္တဝါတွေ ခုန်ပျံထွက်သွားတာကို ဘယ်လိုတမံဖို့ရမလဲ…။
ကျွန်တော့်အိမ်ရှေ့မှာ မြေဆွေးထည့်ပြီး နွားတောင်မစားချင်တဲ့ အပင်တွေလာစိုက်သွားတာကို နုတ်ပစ်သင့်လား…။
ရပ်ကွက်ထဲမှာ ဝက်မျက်နှာနဲ့လူတွေ များနေတာကို ဘာလုပ်နိုင်မလဲ…။
မြောင်းထဲက အလိပ်လိုက်တက်လာတဲ့ ခြင်တွေကတော့ ခြင်ဆေးယဉ်နေပြီ…။
အင်း…အဲဒီလို တွေ့ကရာရှစ်သောင်းမေးရင်းနဲ့ ကျွန်တော်ဆိုတဲ့ အကောင်ကြီး ပျောက်သွားရဲ့ကွယ်…။
2 မှတ်ချက်:
ခင်တွေကတော့ ခြင်ဆေးယဉ်နေပြီ hpyit de chin twe a twet chine sae a tit lote kya dar pop. Kaung bu lar?
ခင်တွေကတော့ ခြင်ဆေးယဉ်နေပြီ hpyit de chin twe a twet chin sae a tit lote kya dar pop. Kaung bu lar?
Post a Comment