အခိုးခံလိုက်ရတဲ့ သူခိုး

Tuesday, January 6, 2009

ငါ့ခြေထောက်တွေအေးစက်ပြီး မျှော်လင့်ချက်မဲ့သွားတယ်
ငေးနေတဲ့ခိုတွေ ဘယ်ပျောက်သွားကြသလဲ
သတိရခဲ့တဲ့ နှလုံးသားတွေ
မွဲတေနေတဲ့တိမ်လိုပျောက်ဆုံး
ငိုငိုမငိုငို ဝေးနေသူအဖို့မထူးဘူး...။
ငါ့လက်တွေလည်း စုတ်ပြတ်သတ်
ဒီကြားထဲ သူခိုးကလည်းပူရဲ့...
ငိုသံတွေလည်း အခိုးခံရ
နှလုံးသားတွေလည်း အခိုးခံရ
မိုးတိမ်တွေလည်းအခိုးခံရ
အချစ်ဟာ ခိုးသူပဲ
အဲ နောက်ဆုံး အချစ်ကိုယ်တိုင်လည်း အခိုးခံလိုက်ရတာ
သူအခိုးခံရတော့ ဘယ်သူငိုမှာလဲ...။

7 မှတ်ချက်:

tututha said...

တယောက်ယောက်တော့ ငိုမှာပေါ့

NangNyi said...

ဘာမှမရှိတော့ရင်တောင် သတိရခြင်းကို ပိုင်တယ်ဆိုလား
(အဲ့အတိုင်းမဟုတ်ပေမယ့် အဲလိုမျိုး) တာရာမင်းဝေက ရေးဖူးတယ်.. အချစ်ကိုခိုးသွားရင် သတိရခြင်းက ငိုမှာပေါ့..

ဗန်ပိုင်းယား said...

ငိုတာတောင် ခိုပါမှ ..

ဗီလိန် said...

ငိုမယ့်သူမရှိလည်း မငိုရုံပေါ့ ငိုတာ ကောင်းဘူး။ :)

Anonymous said...

တော်တော်ဆိုးတဲ့သူခိုးပဲ

နောက်ဆုံးတော့သူခိုးက အချစ်ပဲကိုး

ကိုယ်ကိုတိုင်ပဲငိုရမယ်ထင်တယ်ဗျ

အားပေးလျက်ပါ

ခေါင်ခေါင် said...

ငါငိုမယ်...
ဘာဖြစ်ဖြစ်.. ဆိုင်ဆိုင်မဆိုင်ဆိုင်.. ငါငိုမယ်

မသက်ဇင် said...

ကဗျာလေးလာဖတ်ပါတယ်--
အချစ်သူခိုးလေး----
အစစအရာရာအဆင်ပြေပါစေ---

  © Blogger template Newspaper by Ourblogtemplates.com 2008

Back to TOP