မျော ... ... ...

Tuesday, January 6, 2009

မသက်မသာနဲ့ကုတင်ပေါ်မှာတစ်ယောက်ထဲလှဲနေ
နေကသွားအိပ်လိမ့်မယ်
နာကျင်နေတဲ့အရိပ်တွေ
နာကျင်နေတဲ့သူတစ်ယောက်ရဲ့ရင်ထဲ
သူဘယ်တော့ရောက်မလဲတွေးနေတယ်
ကျီးတွေကလဲနာကျင်စွာအော်နေတယ်
စက္ကန့်တိုင်းဟာလဲအသံမြည်ပြီးဖြတ်သန်းသွား
လာဗန်ဒါပန်းတွေမရှိဘူး
သစ်ခွပန်းတွေမရှိဘူး
သူအားအကျဆုံးကာတွန်းဇာတ်ကောင်တောင်မရှိဘူး
ခေါင်းအုံးတွေတောင်ညနတ်ဆိုးပူးကပ်လို့ငါ့လည်ပင်းကိုလာညစ်တယ်
သူနဲ့အတူ Home Sweet Home လို.
ပျော်ရွှင်စွာရွတ်ဆိုနိုင်မယ့်အချိန်မရောက်တော့ရင်
ငိုယိုတောင့်တမိတဲ့ငါ့ဖြစ်တည်မှုဆိုတာ
ဘာအသုံးကျတော့လိုလဲ ...။

2 မှတ်ချက်:

NangNyi said...

မသက်မသာနဲ့ကုတင်ပေါ်မှာတစ်ယောက်ထဲလှဲနေ
နေကသွားအိပ်လိမ့်မယ်

နင်တောာင် ဒါမျိုးတွေ ရေးတတ်လာပြီပဲ.. ကမ္ဘာကြီးဘာဖြစ်သွားတာပါလိမ့်
(တကယ်တော့ အဲလိုရေးတတ်တာကို မနာလိုလို့ပြောတာကွ..ဟီး)

ခေါင်ခေါင် said...

အော်.. အတင်း လာပြီး မေးတဲ့ ..နေကအိပ်သွားတဲ့ အကြောင်းကို... မှတ်မိပီ..

မသိဘူး.. မျောသွားပြီ

  © Blogger template Newspaper by Ourblogtemplates.com 2008

Back to TOP