ခုတလော ခိုတွေတော်တော်များလာတယ်

Saturday, December 20, 2008


ခုတလော...
ခိုတွေတော်တော်များလာတယ်...။
ခိုတစ်ကောင် ဝရန်တာလက်တန်းပေါ်မှာထိုင်ရင်း
ကန်တော်ကြီးထဲကို မျှော်ကြည့်ပါတယ်.....
ပြီးတော့
အသာအယာ
သူ့ကိုယ်သူ နှုတ်သီးနဲ့ပြန်သန့်ရှင်းတယ်
သူကတွေးတယ်... ဆယ်နာရီ နှစ်ဆယ်ရှိပြီ..။
အခုချိန် ကိုရီးယားမှာဆို တစ်နာရီထိုးတော့မယ်
ချစ်သူလေးရဲ့ရင်ထဲမှာကော ဆောင်းရာသီရောက်နေပြီလား...
ခေါင်းတစ်ချက်ငုံ့ ဝရန်တာအောက်ကိုထိုးဆင်းသွားတယ်...။
ခိုတွေ... ခိုတွေ
ဒီလိုအချိန်ဆို သူတို့ အဆုံးစီရင်ကြသလား....။

Stranger

ကျွန်တော့်ကဗျာမဟုတ်ဘူး...။ ဘော်ဒါတစ်ယောက်ကဗျာ...။ အင်း..တော်ကြာ ခိုးချပါတယ် ကူးပါတယ်ဖြစ်မှာစိုးလို့ :P..။

5 မှတ်ချက်:

mirror said...

ဟုတ်တယ်နော်။ခုတလော ခိုတွေတော်တော်များလာတယ်။
အဟဲ ဘာမှမဟုတ်ဘူး။ရောချကြည့်တာပါ။ဒါပေမယ့် မျက်လုံးထဲမတော့ ခိုလေးတွေမြင်ယောင်လာပါတယ်။

ခင်မင်စွာ

ဖိုးဂျယ် said...

အော် ငါလဲ ခိုတကောင် ဖြစ်မှန်းမသိဖြစ်နေပါရောလား။
ခပ်ပိန်းပိန်းခိုလေးပေါ့

NangNyi said...

ခေါင်းတစ်ချက်ငုံ့ ဝရန်တာအောက်ကိုထိုးဆင်းသွားတယ်...။
ဆိုတော့ကာ
အောက်ချင်းငှက်တွေလို သေကြောင်းကြံတာမျိုးလား..

Andy said...

ငါလဲမသိ..။ လူစိမ်းဆိုတဲ့ အကောင်တစ်ကောင်ရေးတာ... ကြိုက်လို့ထည့်ထားတာ...။

ဗီလိန် said...

ခိုတွေများလာတော့ ခိုချေးတွေလည်းများလာမှာပဲနော်။ :)

  © Blogger template Newspaper by Ourblogtemplates.com 2008

Back to TOP