အနှိပ်ကွပ်ခံ

Friday, October 17, 2008


ငါ့ဘောင်းဘီက သောင်းကျော်တန်သကွ…
ငါဝတ်ထားတာ ဟိုတံဆိပ်ကြီးလေ…
ငါ့ဖိနပ်က ငါးသောင်းပေးရတာပေါ့…
ငါ့ဦးထုပ်က ဟိုကတိုက်ရိုက်လာတာ…
ငါကသူဌေးသမီးမှ တွဲတာ…
ငါစားတဲ့ဆိုင်က တာဝတိံသာမှာဖွင့်ထားတာ…
ငါ့မှာစော်တွေများလွန်းလို့ နောက်ဟန်းဖုန်းဝယ်လိုက်တယ်…
ငါ့ဘီအမ်ဒဗလျူက စက်နှစ်ချက်နှိုးရလို့ စိတ်ဆိုးပြီး ဟိုကနေ ဖယ်ရာရီအသစ်မှာလိုက်တယ်…
ငါမနေ့ကပဲ စလုံးကို ရှော့ပင်ထွက်ပြီးပြန်လာတာ…
ငါဘတ်စ်ကားစီးရင် ခေါင်းမူးတတ်တယ်…
ငါကွန်ပြူတာ အသစ်ကြီးဝယ်ထားလို့ မင်းလာကြည့်ပေးဦး…
ငါ့နားကပ်က စိန်က အာဖရိက ကတိုက်ရိုက်မှာတာ…
ငါ့အီမိုကေက ဘန်ကောက်က ညှပ်လာတာလေ
…………………………………………………………...
……………………………………………………………
……………………………………………………………
…………………………………………………………….
ဆွဲဆရာရေ့ နောက်ကားပါတယ်…
ကျုပ်ငါးဆယ်ပြန်အမ်းဦးဗျ…။



စိတ်အချဉ်ပေါက်နေတာတွေ ရေးထားတာ...
လောလောဆယ်တော့ ရေးရမှာ နည်းနည်း ပျင်းနေလို့...တက်ဂ်ထားတာလေး တနင်္လာနေ့ပြီးအောင်ရေးပေးပါ့မယ် မမဝါရေ... ချောဒီး...

6 မှတ်ချက်:

Anonymous said...

ညီလေးအန်ဒီရေ
ရေးရမှာ မပျင်းနဲ့လေ.. ပျင်းရင် ကောင်မလေး
အကြောင်းတွေများများရေးကွာ
ညီလေး ရည်းစားတွေအများကြီးအကြောင်းရေးလေ
ဟီးဟီး ထောင်ခဲ့တယ်.. ပြဿနာတွေဖြစ်လာရင်
တော့ ညီလေးဘာသာကြည့်ကျက်လုပ်လိုက်တော့
ညနေကျရင် အကိုတို့ ၀မ်းဖိုးဖိုက် သွားမယ်လေ
မူးစို့

Andy said...

ကိုဂါဒင်နာကြီးရယ် ရည်းစားအကြောင်းတော့ မပြောပါနဲ့ဗျာ...စိတ်နာလွန်းလို့

Htoo Myat said...

အခုရေးနေတဲ့ ဘလော့ဂ်ကြီးက ဘလော်ဂါကို တိုက်ရိုက် ၀င်ရေးတာဗျ။ အဟီး... ဒါပဲ ကြွားစရာ ရှိတယ်။ :)

tututha said...

ဘတ်စ်ကားကိုခိုးစီးတာမဟုတ်လား။ ဘာကိစ္စ ၅၀ ပြန်တောင်းနေရတာတုန်း :P

Anonymous said...

haha
u'd better produce this as hip-hop song

WWKM said...

ဟဟ ရယ် ရပါ၏။
ဒါမျိုးလည်းမောင်အန်ဒီတို့ကရတယ်ပေါ့။

  © Blogger template Newspaper by Ourblogtemplates.com 2008

Back to TOP