Wake me up when September ends
Friday, September 26, 2008
တကယ်တော့ ကျွန်တော့အနေနဲ့တော့ ဒီလဟာ တော်တော်စာရေးလို့မကောင်းတဲ့လပါ… မထူးပါဘူးလေ…မြန်မာပြည်မှာနေရင် ဘယ်လဟာဖြင့်ရင် စာရေးလို့ကောင်းတဲ့လရယ်လို့ ရှိတာမှတ်လို့… ကိုယ့်ဟာကိုယ် အေးအေးဆေးဆေး အိမ်မှာထိုင်ရေးဦးတော့…ဘလော့ဂ်ပေါ်တင်မယ်လို့ အင်တာနက်ရှိတဲ့ ကွန်ပြူတာရှေ့ထိုင်လိုက်ရင် အလိုလိုကျောကမလုံ…(အိမ်မှာလဲ မတပ်နိုင်တော့လေ)။ ဟိုကြည့်ဒီကြည့်နဲ့ ကိုယ့်စာလုံးကို သေးနိုင်သမျှသေး…မြန်မြန်ကော်ပီပေ့စ်လုပ်ပြီး အိုကေနှိပ်လိုက်ရတာပဲ…။ အရင်တုန်းကဆို…သူများဘလော့ဂ်တွေလဲ ဝင်ကြည့်ဖို့မလွယ်…တစ်ခုခုဖွင့်လိုက်ရင် အရမ်းမုန်းတဲ့ လိုင်းအနီကြီးက ပေါ်ပေါ်လာ…။ ဒီကြားထဲ ဆိုင်ကကောင်တွေကလဲ လာချောင်းကြည့်လိုကြည့် ပြန်ခါနီးကြရင် ကိုယ့် Private Data တွေမကျန်အောင် ရှင်းရှင်းပစ်ရတာက အလုပ်တစ်ခု… နောက်ပိုင်း ဒီအလုပ်လေးရတော့မှ စိတ်ချလက်ချ လုပ်နိုင်တာ…။ ဒါတောင် နောက်ကျောကမလုံသေးဘူး…။ မြန်မာလူမျိုးသောက်ကျင့်အရ ဘေးမှာလာရပ်ကြည့်နေတာတို့… နောက်ကနေ ချောင်းကြည့်တာတို့ ရှိနေသေးတာကိုး…။
အထူးသဖြင့် ဒီလ စက်တင်ဘာ…။ အရာအားလုံးဘေးကျပ်နံကျပ်နဲ့ ဆရာကြီး George Orwell ရဲ့ 1984 ဝတ္ထုထဲကလို ပျော်စရာနတ္ထိ… ဘာမှ လုပ်လို့မရတဲ့ဘဝမှာ ကားစောင့်လဲ ဒေါသဖြစ်၊ အလုပ်လုပ်လဲ ဒေါသဖြစ်၊ အပမ်းမပြေတဲ့ အပမ်းဖြေ ပန်းခြံထဲရောက်လဲဒေါသဖြစ်၊ လွယ်အိတ်ကို အိတ်နဲ့ထုပ်ပြီး ဈေးဝယ်သူကို အနှောင့်အယှက်ပေးတဲ့ စူပါမာကက်တွေမှာလဲ ဒေါသဖြစ်၊ ရုပ်ရှင်ဝင်ကြည့်လဲ မျောက်တွေ တစ်ညသုံးခါ မြေကြီးကိုဆင်းဆင်းပုတ်သလို ကိုယ့်ခုံအောက် လှမ်းလှမ်းပြီး စမ်းရတာလဲ အကျင့်ကြီးကိုဖြစ်လို့၊ နောက်ဆုံး အိမ်မှာထိုင်နေရင်းတောင် ရေဒီယို နားထောင်ပြီးဒေါသထွက်ရတာတွေ…………………………………….. :(
ရေးရရင် အများကြီးပါ… အဲဒီလို ဘဝမှာနေရင်းနဲ့ Green Day ရဲ့ Wake me up when September ends ဆိုတဲ့သီချင်းခေါင်းထဲရောက်လာတယ်ဗျာ… ကျွန်တော်လဲ သူ့လို စက်တင်ဘာ မကုန်မခြင်းအိပ်နေချင်လိုက်တာ……………………………. ပြီးတော့မှ ကျွန်တော့်လာနိုးကြဗျာ… ဒါပေမယ့်…. ကျွန်တော်တစ်ယောက်တည်း အိပ်နေရင် ရှေ့ကကျွန်တော့်သူငယ်ချင်းတွေ အစ်ကိုအစ်မတွေအပေါ် တာဝန်မဲ့ရာကျနေမှာလား စဉ်းစားရင်း အိပ်လို့မရခဲ့ဘူး…နောက်ပြီးတစ်ခုက ကျွန်တော်တို့ဆီမှာ စက်တင်ဘာက ဘယ်တော့ကုန်မှာလဲ…. ဘယ်တော့ပြီးသွားမလဲ… ကျွန်တော် အခုထိ စဉ်းစားလို့ မရခဲ့ဘူး…။ :|

Summer has come and passed
The innocent can never last
Wake me up when September ends
Like my father's come to pass
Seven years has gone so fast
Wake me up when September ends
Here comes the rain again
Falling from the stars
Drenched in my pain again
Becoming who we are
As my memory rests
But never forgets what I lost
Wake me up when September ends
Summer has come and passed
The innocent can never last
Wake me up when September ends
Ring out the bells again
Like we did when spring began
Wake me up when September ends
Here comes the rain again
Falling from the stars
Drenched in my pain again
Becoming who we are
As my memory rests
But never forgets what I lost
Wake me up when September ends
Summer has come and passed
The innocent can never last
Wake me up when September ends
Like my father's come to pass
Twenty years has gone so fast
Wake me up when September ends
Wake me up when September ends
Wake me up when September ends
3 မှတ်ချက်:
ပြောရတာတော့ အားနာသကွာ.. ဟီးဟီး..
ငါ့အတွက်ကတော့ sweet september ပဲ..
အဲ
ရှေ့အပတ်တွေကတော့ ခါးသီးသပေါ့ကွာ..
သို့သော် အခုတော့ ချိုမြိန်နေသပေါ့..
အောက်တိုဘာ ကတော့ ခါးသီးမယ်..
ဘာပဲပြောပြော အခုတော့ ချိုမြိန်လိုက်ဦးမယ်
ဟီးဟီး..
~dun disturb~~~ until september ends~ ဒန်ဒန်တန် ဒန်ဒန်တန်..~~
ဟိဟိ ပျော်နေတာလေ ပျော်နေတာ..
ဟင့်..ဦးဦးအံတီ...
အထုချက်တင်ဘာလတုန်ဖို့..နာရီပိုင်းဖဲကျံဒေါ့ဒယ်
ယေ..တိရား...
ဒီဏေ့မှာချိုရင်ချက်တင်ဘာကနောက်ချုံးရက်ဖဲယေ။
ဟဲဟဲ..ဦးဦးအံတီဂိုယာနိုးဒါ။
မအိပ်နဲ့ဒေါ့။ထဒေါ့နော်...
ဟီးဟီး... မနက်ဖန်ချိုယင်
အောက်ဒိုပါလယောက်ဘီ။ ဟိဟိ.. :P
ကိုAndyရေ ရုပ်ရှင်ကြည့်ရင်း ခုံအောက်လှမ်းပြီး စမ်းတော့ ဘာတွေ တွေ.တုန်းဗျ။
Post a Comment