Tuesday, May 27, 2008


ကဲ ဘယ်လိုလုပ်ကြမတုန်း အရပ်ကတို့၊ ဘန်ကီမွန်းတို့ရေ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ။ ဒီက ဘိုးတော်ကြီးက (သူတို့တပ် အခေါ်အရတော့ “အဘကြီး” ပေါ့) နိုင်ငံတကာ အကူအညီတွေ ဝင်ခွင့်ပေးလိုက်ပါပြီလဲပြောလိုက်ရော… ဘန်ကောက်က ဗမာသံရုံးကြီး အဘန်းခံလိုက်ရ ပါရောလား… ရှုပ်သွားကြပြီလား… ရှင်းရှင်းပြောရရင် မီးလောင်သွားလို့ဗျို့… သူ့ထက်တိုက်ဆိုင်တာတောင် သူ့လောက်မတိုက်ဆိုင်တော့ဘူး… အဲဒီတော့ ဘာဖြစ်တုန်း… ဘန်ကောက်မှာ စောင့်နေတဲ့ အန်ကယ်ဆမ် တို့ အမှူးပြုတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ အတွက် ဗီဇာထုတ်ပေးရန် အခက်အခဲဖြစ်သွားပါသောကြောင့်…………………………………………….. ဟဲဟဲ ပိုင်လိုက်တာဗျာ…နော်… ကျွန်တော်တို့ရဲ့ ကမ္ဘာအကောင်းဆုံး အတော်ဆုံး နွားအဖွဲ့ကြီး (ဟင် ဟုတ်ပါဘူး “နိုင်ငံတော် အစိုးရ” ကြီးဗျ) လုပ်လိုက်ပုံ(သူတိုဟာသူတို့တော့ အဲလိုပြောတာပဲ)…ဟိုးလွန်ခဲ့တဲ့ လေးငါးခြောက်နှစ်လောက်တုန်းက ကုန်သွယ်ရေးရုံးကြီးစာရင်း လိမ်လို့မရတော့လို့ အပျောက်ရှင်းလိုက်တာ တောင်သွားသတိရလိုက်သေး… အဲဒါတွေက ထားအုံး၊ လိမ်လို့ရတုန်းလိမ်ထားကြပေါ့… အဲ… ဒါပေမယ့် လိမ်လို့မရတဲ့ ဓာတ်ပုံလေးတွေကိုတော့ လူတွေသိထားဖို့လိုလိမ့်မယ်… ဒီဆိုဒ်ကို မတော်တဆမှားပြီးရောက်လာလို့ပဲဖြစ်ဖြစ် ဘယ်လိုပဲရောက်လာလာပေါ့လေ… ဒီမှာ တွေ့ရတဲ့ ကောင်းမယ် ထိမယ်ထင်တဲ့ ပုံတွေကို လျှောက်ဖြန့်ပေးကြပါဗျာ… ကျွန်တော်က ပြည်တွင်းမှာဆိုတော့ လုပ်ရကိုင်ရတာ အကန့်အသတ်ရှိတယ်……

ဒီပုံက မြန်မာပြည် ကွမ်းခြံကုန်းက မုန်တိုင်းအပြီးနောက်တစ်ပတ်လောက် မှာတွေ့ရတဲ့မြင်ကွင်းပါပဲ…သေသေချာချာကြည့်ကြည့်ပါ…ဒါအကုန်အလောင်းတွေချည်းပဲ… ဒါတွေအကုန်ဘယ်လိုလုပ်မလဲ…ဒီနေရာလေးတင်ဒီလောက်တွေ့ရတာနော်…ဧရာဝတီတိုင်းမှာ သွားဖို့ခက်ခဲတဲ့ ချောင်းတွေမြောင်းတွေ အများကြီးပဲ ငါးပူတင်းစားရုံနဲ့ပြီးသွားမလား ဒါတိုင်းပြည်ပါ၊ စစ်တလင်းမဟုတ်ပါဘူး… ကိုယ်ပြောတဲ့ စကားကိုယ်ဆင်ခြင်ကြပါ…

လက်မလျှော့ကြပါနဲ့ မကြောက်ကြပါနဲ့ ဒါနိုင်ငံရေးမဟုတ်ပါဘူး လူမှူရေးပါ ကိုယ့်လူမျိုးကို စောင့်ရှောက်တာပါ… မြတ်စွာဗုဒ္ဓအားပေးတော်မူတဲ့ လမ်းစဉ်ပါ… ဘုရားစကားနားထောင်မလား လူမိုက်စကားနားထောင်မလား စဉ်းစားကြပါ။ နောက်ဆုံးတချက်ပြောချင်တာကတော့ နိုင်ငံတော်အစိုးရရဲ့ စေတနာမှန်တွေကို သိမြင်လာရတဲ့ အတွက် တတိုင်းတပြည်လုံး “နိုင်ငံတော်အစိုးရ” ကိုဒေါသထွက်နေကြတယ် ဆိုတာပါပဲ…

0 မှတ်ချက်:

  © Blogger template Newspaper by Ourblogtemplates.com 2008

Back to TOP