ထိုင်နေခြင်း
Thursday, April 17, 2008
မင်္ဂလာရှိသော နှစ်သစ်ပါ။ ဒီနှစ်သင်္ကြန်မှာတစ်ရက်ပဲ ကဲဖြစ်တယ်ဗျာ။ ဟိုးအရင် ကျောင်းသားဘ၀တုန်းက အိမ်မပြန်တမ်းလည်ခဲ့လိုံ့ အံခွသွားလားတော့ မပြောတတ်ဘူး။ သိပ်မလည်ချင်တာ့သလိုပဲ။ အခုတရက်တော့ သူငယ်ချင်းတွေနဲ့မကောင်းတတ်လို့ တရက်လည်ဖြစ်တယ်။ လည်တော့လဲ အင်း အီလည်လည်ကြီးပါဗျာ။ သိပ်လွတါလပ်မှုမရှိသလိုပဲ။ သူများတွေပျော်နေကြပေမယ့် ကျွန်တော်ကတော့ ခေါင်းထဲ ကဗျာတစ်ပုဒ်ရောက်လာတယ်...
ထိုင်နေခြင်း
အရာအားလုံးဘေးမှာ…
မုန်တိုင်းထန်နေတဲ့ နားမှာ…
လွဲမှားနေတဲ့ Tempo တွေတဝိုက်မှာ…
ရပ်သွားတဲ့ သံစဉ်အနားဆ်ီမှာ…
Fox-Tort ရစ်သမ်အနီးအနားမှာ…
သိပ်ချစ်ကြတဲ့ မောင်နဲ့သဲ ရဲ့တစ်ပေလောက်မှာ
ပူလောင်နေတဲ့ အခန်းထဲမှာ…
ရွဲ့စောင်းနေတဲ့ တိုင်းပြည်အတွင်းမှာ…
လန်းလန်းဆန်းဆန်းမရှိတဲ့ ပန်းတွေရဲ့ ဘေးအိမ်မှာ…
တောင်းဆိုသံတွေ ကြားမှာ…
မကြားရတဲ့ စာသားတွေ အောက်မှာ…
မပြောရဲတဲ့ စကားတွေ နောက်မှာ…
နာမည်ကြီးတွေနဲ့ သိတဲ့သူတွေ နဲ့တခေါ်လောက်မှာ…
ငါရဲ့ဘေး လက်တလုံးခြားနေရာလောက်မှာ
……………………………………………………
………………………………………………………………………….
တခြားသော အရပ်က ငါ…
မုန်တိုင်းမျက်စိက ငါ…
ဘာTempo မှ မရှိတဲ့ ငါ…
သံစဉ်တွေခေါင်းစားနေတဲ့ ငါ…
Fox-Tort ရစ်သမ်ကို လိုက်သရော်နေတဲ့ ငါ…
သိပ်ချစ်ကြတဲ့ မောင်နဲ့သဲ ကို ထိုင်ကြည့်နေတဲ့ ငါ…
ပူလောင်နေတဲ့ အခန်းထဲက ငါ…
ရွဲ့စောင်းနေတဲ့ တိုင်းပြည်အတွင်းက ငါ…
လန်းလန်းဆန်းဆန်းမရှိတဲ့ ပန်းတွေရဲ့ ဘေးအိမ်က ငါ…
တောင်းဆိုသံတွေ ကြားနေရတဲ့ ငါ…
စာသားတွေ ငတ်ပြတ်နေတဲ့ ငါ…
မပြောရဲတဲ့ စကားတွေနောက်က ငါ…
နာမည်ကြီးတွေနဲ့မသိတဲ့ ငါ…
ငါ့ရဲ့ဘေး လက်တလုံးခြားနေရာလောက်က ငါ…
……………………………………………………………
…………………………………………………………………………..။
1 မှတ်ချက်:
ဒီပိုစ့်ကိုဖတ်ရတာ ကိုယ့်ကိုကိုယ်ပြန်မြင်နေရသ လိုဘဲ တိုက်ဆိုင်တယ်ဗျာ..။
Post a Comment