Silent Song

Saturday, March 15, 2008

ကြည့်လိုက်တိုင်း Silent တွေကြီးပဲလို့ ကျွန်တော့် Blog ကိုဖတ်တဲ့ နှစ်ယောက်တစ်ပိုင်းသော ဧည့်သည်များက ပြောမိမယ်လို့ ထင်တာပဲ။ ကျွန်တော်လဲ မတတ်နိုင်ဘူးဗျာ။ စိတ်ကညစ်နေတာကိုးဗျ။
ရေးမယ်လို့ကြည့်လိုက်ရင် connection နှေးနေရတာနဲ့၊ ဘန်းထားရတာနဲ့။ "မြန်မာ"တဲ့ ဘာတွေမြန်ပြီး ဘယ်နေရာတွေမာနေလဲတော့ မပြောတတ်ဘူး။ အမယ်ဘလော့ခ်ကို ဘန်းထားတာသာ Proxy Site တွေသုံးပြီး ကျော်လို့ခဲယဉ်းတာ၊ ဟို အချစ်ရွာတို့၊ မြန်မာကျူးပစ်တို့ကျတော့ လွယ်လွယ်ကူကူ ဒန်တန့်ဒန်လို့ရတယ်။ ထူးဆန်းတယ်နော် :) ။ ဘာတွေမှန်းလည်းမသိပါဘူးဗျာ။ သူတို့အသိဥာဏ်ထဲမှာ Internet နဲ့ Blog နဲ့ကပဲ သတင်းပြန့်အောင်လုပ်လို့ရတယ်၊ Blogger တွေကပဲတိုင်းပြည်ပျက်အောင် လုပ်နေတယ် ထင်နေကြလားမသိဘုး။ တကယ်တမ်းလိုအပ်ပြီး သုတေသန ပြုနေရတဲ့ ကျောင်းသားတွေ (အပြင်သင်တန်းသားတွေနဲ့ အလွတ်တန်း လေ့လာနေသူတွေပြောပါတယ်) အများကြီးနစ်နာတာကျ ထည့်မစဉ်းစားဘူး။ အတွေးအခေါ်တွေက ချာတူးကို လန်လို့။ အဲ… သည်သို့သော ကြောင်းသကာလများကြောင့်မရေးဖြစ်တာကြာသွားရော။ မရေးဖြစ်တာလဲကြာပြီ။ ဘလော့ခ်ရေးတာက မကြာသေး၊ မရေးဖြစ်တာကကြာနေပြီဆိုတော့ နည်းနည်းကိုးလို့ကန့်လန့်တော့နိုင်သား။
လူကလည်း ဘွဲရအလုပ်လက်မဲ့ဆိုတော့ သိတော်မူကြတဲ့ အတိုင်းပဲ။ သုံးနှစ်တိတိ စာကိုဖင်ပိတ် ကျက်ပြီးရထားတဲ့ B. C. Tech ဘွဲ့လက်မှတ်ကြီးကလဲ ကြည့်လိုက်တိုင်း ပြုံးဖြီးဖြီးနဲ့ "မတက်ပါနဲ့ဆိုတာကို လာရွပိုးထတဲ့အကောင် အခုမှတ်ပြီလားကွ…" လို့ပြောနေသလိုပဲ။ ဒီကြားထဲ ရှိစုမဲ့စု တစ်ဦးတည်းသောရည်းစားနဲ့ကလည်းသိပ်အဆင်မပြေချင်ဘူး။
အဲဒီလို အချိန်အခါသမယမှာတော့ဖြင့် … အကြောင်းစုံကို မြောင်းပြန်မဖေါ်ချင်တော့ပါဘု (ဟုတ်ပါဘူး) အဲ အဲ ဘယ်ရောက်သွားပါလိမ့်၊ ဖတ်မိတဲ့စာအုပ်ကလဲ ပူလစ်ဇာဆုရ John Berryman ရဲ့ The Dream Songs ကဗျာပေါင်းချုပ်ကြီးကိုခဗျာ။ အဲဒီတော့ လူက တိတ်ဆိတ်သွားတာပေါ့။ John Berryman ဆိုတာတော့ Modern ကဗျာသမားတွေ အတွက်တော့ အထူးပြောစရာမလိုပါဘူး၊ မသိသေးတဲ့သူတွေအတွက်ကတော့ အမေရိကန်ကဗျာဆရာတစ်ယောက်၊ ကိုယ်ကိုကိုယ် သတ်သေသွားတဲ့ ကဗျာဆရာတစ်ယောက်လို့သာမှတ်ထားကြပေတော့။ ဒီထက်ပိုသိချင်ရင်တော့ ဆရာအောင်ခင်မြင့်ရေးပြီး ကျော်မွှေးစာအုပ်တိုက်ကထုတ်တဲ့ "အဓိပ္ပါယ်မဲ့ပြဇာတ်" စာအုပ်သာရှာဖတ်ကြတော့ဗျာ။
အခုတော့ သူ့ရဲ့အိပ်မက်တေး၅၂ ဖြစ်တဲ့ Silent Song ကိုခံစားကြည့်ထားပါတယ်။ ကဗျာကို လုံးစေ့ပတ်စေ့တော့ဘာသာမပြန်လိုက်ပါဘူး။ ဘာကြောင့်ဆိုကျွန်တော့်အသိဥာဏ်လေး တစ်ထွာတစ်မိုက်နဲ့ ဘာသာပြန်လိုက်ရင် ကဗျာပျက်သွားမှာစိုးတယ်။ စိတ်ဝင်စားရင်ကူးသွားပြီး အိမ်ရောက်မှ စိမ်ပြေနပြေဖတ်ကြည့်ပေါ့။ အဲဒီအခါကျရင် ကဗျာထဲကဇာတ်ကောင် Henry သို့ ကဗျာဆရာကိုယ်တိုင်ရဲ့ ဒဏ်ရာရယ် နတ္တိဖြစ်မှုရယ် သူ့ရဲ့ အတ္တရယ် ပေါင်းပြီး တိတ်ဆိတ်သောသီချင်းတစ်ပုဒ် သီကြွေးနေတာ တွေရလိမ့်မယ်။


Silent Song
Bright-eyed & bushy-tailed woke not Henry up.
Bright though upon his workshop shone a vise
central , moved in
while he was doing time down hospital
and growing wise.
He gave it the worst look he had left.

Alone. They all abandoned Henry-wonder! all,
when most he – under the sun,
That was all right.
He can't work well with it here, or think.
A bilocation, yellow like catastrophe.
The name of this was freedom.

Will Henry again ever be on the lookout for women & milk,
honour & love again,
have a buck or three?
He felt like shrieking but he shuddered as
(spring mist, warm, rain) an handful with quietness
vanish & the thing took hold.

0 မှတ်ချက်:

  © Blogger template Newspaper by Ourblogtemplates.com 2008

Back to TOP