အချစ်အကြောင်း
Wednesday, October 15, 2008
အင်း...ဒီအကြောင်းကျနော့်ဆီ ရောက်မလာပါစေနဲ့ဆုတောင်းတာ၊ မပြည့်လိုက်ဘူး... နန်းညီ နဲ့ ဒွင်း တို့ ကောင်းမှုကြောင့် ကျနော့်ဆီ ဒါကြီးရောက်လာတယ်လေ... အဲဒါနဲ့ ဇစ်မြစ်တွေ လိုက်ကြည့်တော့ အားပါးပါး...အချစ်ပရော်ဖက်ဆာကြီးတွေ ပညာရှိတွေ အချစ်ကို အဓိပ္ပါယ်ဖွင့်ထားလိုက်ကြတာ... ကြောက်ခမန်းလိလိ... ရေးစရာတောင် သိပ်မရှိတော့ဘူး...
ကျနော့်လို ဗာလာနံကတော့ ဘာသိမှာတုန်း... အချစ်ဆိုတာကြားလိုက်တာနဲ့ ကိုငှက်သီချင်းရယ်၊ ကိုလေးဖြူသီချင်းရယ်ပဲ ပြေးပြေးကြားယောင်နေတာ.. အချစ်ဆိုသည်မှာရယ် အချစ်အကြောင်းရယ်လေ... အဲဒါနဲ့ ရှိစုမဲ့စု နည်းနည်းပါးပါး ဟိုကဒီကလေး ဖတ်ထားဖူးတာလေးတွေ ဂေါ်မစွံအကြောင်းတွေ ပြန်အစဖော်လိုက်ရတယ်
ကျွန်တော့်ရဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေအရဆိုရင် အချစ်ဆိုတာ ရူးသွပ်မှူတစ်ခုသာပါပဲ... တကယ်ကို သောက်ရူးဖြစ်သွားတာပါ... အဲဒါက အချစ်ပါပဲ... ရှင်းရရင် အရူအမူး မွှန်ထူနေတုန်း လုပ်သမျှတွေဟာ အခုအချိန်ပြန်ကြည့်ရင် “အင်း... ငါဟာသောက်ရူးကြီးပါလား” လို့လူတိုင်းပြန်တွေးမိကောင်းတွေးမိကြလိမ့်မယ်.. ကျနော်ဆိုရင် ဟိုတုန်းကများ အိမ်ရှေ့ကစောင့်နေရတာတို့... မိုးရွာကြီးထဲမှာ ထီးပါရဲ့သားနဲ့ ထီးကိုဖွက်ပြီး ရေစိုကြီးရပ်စောင့်နေတာတို့... တခြားတစ်ယောက်နဲ့စကားပြောနေတာတွေ့လို့(တကယ်တော့ ဟိုကောင်က အကြွေးတောင်းနေတာပါ) တညလုံး အသည်းကွဲ သီချင်းပေါင်းစုံဆိုရတာတို့... ကဗျာလိုလိုစာလိုလိုတွေ ရေးရတာတို့... ဟိုကငြင်းလိုက်ရင် မိန်းမဟူသမျှ စိတ်ကုန်ပြီး စစ်ကိုင်းတောင်ပဲ ပြေးတော့မလိုလို... စာတွေ အသေအလဲကျက်ပြီး The Whole Burma First ပဲယူတော့မလိုလို... မြစ်ကမ်းဘေးမှာ သွားထိုင်ငိုင်နေရတာတို့.... အများကြီးပဲ သောက်ရူးအလုပ်တွေလုပ်တာ... အခုများတော့... ဟင်း... ကိုယ့်ဟာကိုယ်လဲ.... ဟီး ရှက်ပါဘူး... ရှက်ကြောနဲ့ ချက်ကြောမှားဖြတ်ထားလို့....
ဒါက မောင်အန်ဒီပီပီ ဗာလာနံတွေးတွေးပြီး ဗာလာနံရေးရေးတာပါ... အမယ်...တခါတလေကျတော့ ဗာလာနံကို သိပ္ပံပညာက ထောက်ခံလိုက်တယ်လေ... သိပ္ပံပညာရှင်တွေက အချစ်ကို တိုင်းတာနိုင်ပြီတဲ့ခဗျ... အချစ်ဆိုတာတဲ့ ဦးနှောက်ကထွက်တဲ့ Oxytocin ဆိုတဲ့ ဟော်မုန်းတမျိုးနဲ့ဆက်စပ်နေပါသတဲ့...။ အဲဒီဟိုမုန်းဟာ အကြောင်းတိုက်ဆိုင်တဲ့ အချိန်တခုခုမှာ ထွက်လာလေ့ရှိပြီး (ဥပမာ ဆန့်ကျင်ဘက် လိင်အချင်းချင်း မျက်လုံးခြင်းတွေ့လိုက်မိတဲ့ အချိန်... ကိုယ်လက်အခြင်းခြင်းထိမိတဲ့ အချိန်) အထူးသဖြင့် ဆယ်ကျော်သက်အရွယ်မှာ ထွက်ပေါ်လေ့ရှိတယ်လို့ဆိုတယ်... အဲဒီလိုထွက်တဲ့ အချိန်မှာ နှလုံးခုန်နှူန်း (ရင်ခုန်နှုန်း) မြန်လာပါတယ်... မျက်လုံးတွေ ပြာဝေတတ်ပါတယ်... ခြေမကိုင်မိလက်မကိုင်မိတွေ ဖြစ်ပြီး အမှားအယွင်းတွေ လုပ်မိလုပ်ရာတွေ လုပ်တတ်ပါတယ်(ကျနော့်လိုပေါ့) ... အဲဒါကို အချစ်လို့ခေါ်ကြပါတယ်... ဆိုလိုချင်တာက အဲဒီဟော်မုန်းထွက်တဲ့ အချိန်နဲ့တိုက်ဆိုင်နေတဲ့အချိန်မှာ အချစ်စိတ်ဖြစ်ပေါ်တယ်လို့ဆိုတာပါပဲ ထွက်လာတဲ့ဟိုမုန်းကို နှလုံးကလိုက်နာပြီး အချစ်စိတ်ဖြစ်ပေါ်စေတယ်လို့ ဆိုလိုချင်တာပါ... ဒီဟိုမုန်းက တချိန်လုံးထွက်မနေပဲ အသက်ကြီးတာနဲ့အမျှ နည်းနည်းလာပါတယ်... အသက်ကြီးလာတော့ အချစ်စိတ်တွေ လျော့ပါးသွားတဲ့သဘောပေါ့ (အဲ အသက်ကြီးတာတောင် ကမြင်းကြောထနေတဲ့ သူတွေကတော့ အခုထိ မခန်းသေးလို့ပေါ့ ဟိဟိ) အဲ...အဲဒီလို အထက်ကပြောသလို ဟော်မုန်းတွေ အချိန်ကိုက်ထွက်လာဖို့ကတော့... အင်း ဗုဒ္ဓဘာသာဝင်တွေဆိုရင်တော့ ကံကံ၏အကျိုး၊ ခရစ်ယာန်ဘာသာဝင်တွေဆိုရင်တော့ ဘုရားသခင်ကိုပဲ ပုံချရမှာဖြစ်ပါကြောင်း ချောချောလေးနဲ့တွေ့မှထွက်ပါစေလို့ဆုတောင်းရင်း နန်းညီနဲ့ ဒွင်း တို့တက်ဂ်ထားတဲ့ အချစ်အကြောင်းကို အဆုံးသတ်လိုက်ရပါကြောင်း....။
5 မှတ်ချက်:
နင့်ကို နင့်အမြင်ရေးခိုင်းတာ ဘာကိစနနဲ့ သူများ တွေ့ရှိချက် တွေ ကူးချထားတာလဲ.. အပျင်းကောင်
မောင်လေး Grrr Andy...
တောင်းတဲ့ဆုနဲ့ ပြည့်စေ... :)
ဟားဟား... ရယ်ရတယ်ဟေ့.. ဦးအိန်ကြိးတို့ကတေ့..
ရေးပေးတဲ့အတွက်ဆုတောင်းပေးခဲ့မယ်.. ချောချောလေးနဲ့ အမြန်ဆုံးတွေ့ပါစေ....
ရေးပေးတဲ့အတွက်လည်းကျေးဇူးပါနော်... :) :)
ဒီနှစ်သိတင်းကျွတ်မှာ မကျွတ်လိုက်ရပေမယ့်နောက်နှစ်သတင်းကျွတ်မှာ
ချောချောလေးနဲ့ ကျွတ်နိုင်ပါစေလို့လဲဆုတောင်းပေးပါတယ်...
မှတ်သားဖွယ် အချစ်အကြောင်းတွေ့ရှိချက်လေးပါပဲ
ကိုအန်ဒီရေ... ကျွန်တော်လဲဆုတောင်းအုံးမယ်..
ရှာရာပိုဗာနဲ့သော်လည်းကောင်း အီဗန်နိုဗစ်နဲ့သော်
လည်းကောင်း မစ်ရှဲဝီနဲ့သော်လည်းကောင်းပေါ့နော်
ကိုအန်ဒီကိုလဲ ဆုတောင်းပေးမယ် အဟဲ...
အချိန်ကိုက်ထွက်လို့ ရေချိန်ကိုက်ပါမှ မြန်မာပြည်ရဲ့
မီးမလာတဲ့ အမှောင်ကြားမှာ (မူးနေဆဲ၊ မှောင်နေဆဲ)
အချောအလှပဂေးလေးတွေနဲ့ တွေ့ပါစေလို့လေ ....
ဆုတောင်းပေးလို့ ကျေးဇူးပါဗျား ကိုဂါဒင်နာကြီးရေ
Post a Comment