Early Christmas Morning

Thursday, December 25, 2008

မနက်တိုင်း ထထပြီး လမ်းလျှောက်တာ၊ စက်ဘီးစီးတာက နိုဝင်ဘာလလယ်လောက်ကစပြီး အကျင့်လိုဖြစ်နေခဲ့တယ်...။ ဒီနေ့ခရစ်စမတ်မောနင်းကျတော့ ဓာတ်ပုံရိုက်ချင်စိတ်ပေါ်လာတာနဲ့ လက်စွဲတော် Olympus ကင်မရာအစုတ်ကလေးဆွဲပြီး ကျွန်တော်တို့ မြို့နယ်ရဲ့ ခရစ်စမတ်မနက်ခင်းကို ရိုက်ဖြစ်ခဲ့ပါတယ်..။ ရိုက်ပြီး စာဖတ်သူတွေကိုမျက်စိဒုက္ခပေးချင်စိတ်ပေါ်လာတာနဲ့ တင်လိုက်တာ...။

Early Sky



Early Sun



Early Prayer



Early Playing



Early Washing

ဟီးဟီး ဒီပုံကရိုက်ဖို့ ချိန်နေတုန်းရှိသေးတယ်...နောက်ကနေ “ကင်မရာနဲ့ ညီလေးဒီခဏလောက်” ဆိုတဲ့ အသံကြားလို့လှည့်ကြည့်လိုက်တော့ ပါဝါရိမ်းဂျားလိုလိုလူတွေတွေ့တာနဲ့ ဒီငနဲတွေရှင်းပြလဲ နားလည်မှာမဟုတ်ပါဘူးဆိုပြီး ဖျတ်ကနဲရိုက်ပြီး စက်ဘီးနဲ့သုတ်ခြေတင်လိုက်တာ နောက်တောင်ပြန်လှည့်လှည့်မကြည့်မိဘူး... လျှပ်တပြက်ရိုက်ချက်ပေါ့...။ :P



Early over-time



Early Gatherer



6 မှတ်ချက်:

သံလွင် HeRo said...

မြူတွေဆိုင်းနေတတ်တဲ့မြန်မာပြည်ရဲ့ဆောင်းတွင်းကို
လွမ်းတယ်ဗျာ...ဒီမှာနဲ့တစ်ခြားစီပဲ...ချမ်းတောင်မချမ်း
ဘူး... D: လုံးဝကျေးဇူးဗျ...နောက်လည်းကြုံရင်ကြုံသလို မြန်မာပြည်ကပုံလေးတွေကိုတင်ပေးပါအုံးဗျာ...
ရှဲ့ရှဲ့

NangNyi said...

Early Gatherer ကိုကြိုက်တယ်.. ငါ့မှာ အဲ့လိုပုံမျိုး ပန်းချီကား တစ်ခုရှိတယ်.. (ငါဆွဲတာ).. နောက်ဆုံးလူပုံဆွဲတာက ဖျက်သွားလို့ မလှတော့ဘူး.. ဟိ

ဖိုးဂျယ် said...

မြန်မာပြည်ရဲ့ ဆောင်းမနက်ခင်းလေးကို
လွမ်းလိုက်တာ အဟင့် အဟင့်
ကောင်းတယ်ကွာ ပုံလေးတွေက
Early Sky ၊ Early Sun ၊ Early Gatherer ၊
အဲ့ပုံတွေ ပိုကြိုက်တယ်။

ခေါင်ခေါင် said...

Nice all early shoot,
keep it up, keep it up,
hee hee :P

သက်တန့် said...

ဂရားးးအန်ဒီရဲ့ ရိုက်ချက်တွေကို ခံစားသွားပါကြောင်း... :)

♥ Acacia ♥ said...

ဓါတ်ပုံတွေ လာမော့သွားပါတယ်

  © Blogger template Newspaper by Ourblogtemplates.com 2008

Back to TOP