ပိုက်ဆံအကြောင်း

Monday, August 4, 2008

“အနိုင်လိုချင်ခဲ့တဲ့ အရှံးနဲ့ရူး” ဆိုသည့် အယ်နောင်းသီချင်းက ကျွန်မဆိုလေ့ရှိသော သီချင်းဖြစ်သည်။ လက်ဘက်ရည်ကို ကော်ဖီလောက် စွဲစွဲမက်မက်မကြိုက်ပေ။

စိတ်မကောင်းပါ။

အသည်းယားတယ် ဆိုသော စကားများကို ကြားရဖန်များတော့ ရင်မခုန်ချင်တော့။

လက်တွဲလမ်းလျှောက်ချင်းသည် ချစ်သူများသာ လုပ်ရသော အလုပ်မဟုတ်ပါ။

ကျွန်မကို ချစ်လို့ ကျွန်မအတွက် လုပ်ပေးသော ကိစ္စများကတော့ ပျော်စရာတွေပဲ။

အဆုံးမသိသော သို့မဟုတ် အဆုံးမရှိသော ခရီးတစ်ခုလောက်တော့ သွားချင်သေးသည်။

သွားရမလား…

“ပိုက်ဆံမရှိဘူး” ဆိုသော စကားက ပြောရတာ စတိုင်ကျသလောက် ဒုက္ခတော့ များလှသည်။

ပိုက်ဆံရှာမှ ဖြစ်မည်။

ပိုက်ဆံလက်ထဲမှာ ရှိမှပဲ လူတွေအပေါ် စိတ်ကောင်းထားပြီး မြင်တတ်အောင်ကြိုးစားတော့မည်။

Nye Nyi

1 မှတ်ချက်:

Anonymous said...

ပိုက်ဆံ မရှိလဲ လူတွေ အပေါ် အကောင်း မြင်တတ် အောင် ကြိုးစား ပါဗျာ။ တကယ် တော့ ပိုက်ဆံ ရှိလာ လေလေ လူတွေ အပေါ် စိတ်ကောင်း မထား နိုင်လေ လေပါ။ ပိုက်ဆံက လူတွေရဲ့ စိတ်ကို ပိုပြီး ပျက်စီး စေနိုင် တယ်ဆိုတာ သတိ ပေးပါရစေဗျာ....

ခင်မင်လျက်....

  © Blogger template Newspaper by Ourblogtemplates.com 2008

Back to TOP